Saturday, September 15, 2012

ပြည်တွင်းသို့ စတင်ေ ရာက်ရှိ လာသည့် နေ့တွင် Galaxy Note 10.1 အလုံး ၂၀၀ ကျော်နီးပါး ရောင်းခဲ့ရ

Posted by drmyochit Saturday, September 15, 2012, under | No comments



တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Samsung ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း ဖြစ်တဲ့ Galaxy Note 10.1 ကို ပြည်တွင်းမှ စတင် ရောင်းချမှု အနေနဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ တရားဝင် စတင် ရောက်ရှိ ရောင်းချခဲ့ပြီး စတင် ရောင်းချတဲ့ နေ့မှာပဲ စမတ်ဖုန်း အလုံး ၂၀၀ ကျော်နီးပါး ရောင်းခဲ့ ရတယ်လို့ Samsung ရဲ့ တရားဝင် ကိုယ်စားလှယ် ရရှိထားသူ အရောင်း ကိုယ်စားလှယ် ထံမှ သိရပါတယ်။
အဲ့ဒီလို စတင် ရောင်းချတဲ့ နေ့မှာ ၀ယ်ယူသူ တွေကို မူရင်းဈေး အမေရိကန် ဒေါ်လာ ၆၄၀ ကို ဒေါ်လာ ၅၇၀ နဲ့ဈေးလျှော့ ရောင်းချပေး တာကြောင့် ယခုလို ၀ယ်ယူမှု များပြားခဲ့တာ ဖြစ်ပါတယ်။ ယခင် ထွက်ရှိခဲ့တဲ့ Galaxy Note မှာ ၅ လက်မ အရွယ်အစား သာရှိပြီး အခု နောက်ဆုံး ထွက်ရှိလာတဲ့ Tablet အမျိုးအစား ဖုန်းဆင်းကဒ်ပါ ထည့်သွင်း အသုံးပြု နိုင်တဲ့ Galaxy Note 10.1 ဟာ ၁၀ လက်မ ရှိတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် Galaxy Note 10.1 လို့ ခေါ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖုန်းစခရင်ကို နှစ်ခြမ်းခွဲကာ Function နှစ်မျိုးကို တစ်ပြိုင်တည်းမှာ အသုံးပြုနိုင်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အဆိုပါ Galaxy Note 10.1 ကို Tablet အနေနဲ့ပါ အသုံးပြုနိုင်ပြီး ဖုန်းတွင်း မန်မိုရီမှာ ၁၆ ဂီဂါဘိုက် ရှိပြီး ၆၄ ဂီဂါဘိုက် အထိ ထပ်တိုး အသုံးပြု နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာမှာ 5MP အထိ ရရှိနိုင်ပြီး ၀ိုင်ဖိုင်နဲ့ GPS စနစ်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ စတင် ရောင်းချခဲ့တဲ့ နေ့မှာ ၀ယ်ယူခဲ့ သူတွေကို ဒေါ်လာ ၅၀ တန် Galaxy Note 10.1 ရဲ့ Original Book Cover ကို လက်ဆောင် အဖြစ် ပေးခဲ့ပြီး စတင် ရောင်းချတဲ့ တစ်ရက်တည်းသာ ဒေါ်လာ ၅၇၀နဲ့ ရောင်းချပေးခဲ့ပြီး နောက်ရက်တွေ မှာတော့ မူရင်းဈေး ဒေါ်လာ ၆၄၀ နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ Galaxy Note 10.1ကို သြဂုတ်လ အတွင်းက ဈေးကွက် အတွင်းကို စတင် ရောင်းချခဲ့ ပြီး ပြည်တွင်း ဈေးကွက် အတွင်း ကိုတော့ စက်တင်ဘာ လဆန်းက ရောက်ရှိ လာတာ ဖြစ်ပါတယ်။ Samsung ကုမ္ပဏီဟာ အဆိုပါ Galaxy Note 10.1 ကို ကမ္ဘာတစ်ဝှမ်းမှာ အလုံးရေ ၇ သန်းကျော် ရောင်းချ ထားခဲ့ရပြီး ကုမ္ပဏီက ရည်မှန်း ထားတဲ့ အလုံးရေ ၁၀ သန်းထက် ကျော်လွန် ရောင်းချ နိုင်ဖို့ မျှော်လင့် ထားကြောင်း နိုင်ငံတကာ သတင်းများ အရ သိရှိရပါတယ်။
MRTV-4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်