Saturday, September 15, 2012

မြန်မာ ထိုင်း နယ်စပ်ကုန် သွယ်ရေးဂိတ် အသစ်ဖွင့် လှစ်ရန်စီစဉ်

Posted by drmyochit Saturday, September 15, 2012, under | No comments



ပွင့်လင်း ရာသီတွင် ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံ၏ နယ်စပ်တွင် ကုန်သွယ်ရေး ဂိတ်များ ထပ်မံ ဖွင့်လှစ် သွားရန် စီစဉ် နေကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
အဆိုပါ နယ်စပ် ဂိတ်သစ် ဖွင့်ရန် ဒေသများရှိ လမ်းပိုင်း များကို ပြင်ဆင် မှုများ ပြုလုပ် လျက်ရှိကြောင်း ၊ ဖွင့်လှစ်ရန် ရွေးချယ် ထားသော နေရာများမှာ မောတောင် (မြိတ် ၊ တနင်္သာရီ) ၊ ထီးခီး (ထားဝယ်ရေနက်ဆိပ်ကမ်း) နှင့် မယ်ဟောင် ဆောင် (မယ်စဲ့စခန်း)တို့ ဖြစ်ကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်ရေး စခန်းများ အစား အသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဌာန FDA မှ အစား အသောက်နှင့် ကုန်စည် စစ်ဆေးရေး စခန်ျးား ဖွင့်ကာ စစ်ဆေး နိုင်မည် ဖြစ်ပြီး ထပ်မံ တိုးချဲ့ သွားရန် စီစဉ် ထားကြောင်း လည်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်