Saturday, September 15, 2012

ကိုရီးယားခရီးသွား အမျိုးသမီးတစ်ဦး လေကြောင်းဝန်ထမ်း မြန်မာအမျိုးသားကို လည်ပင်းညှစ်

Posted by drmyochit Saturday, September 15, 2012, under | No comments



From:ဂျောက်ဂျက်

ကိုရီးယား နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးကြီး တစ်ဦးက Air Asia လေကြောင်းမှ မြန်မာ ၀န်ထမ်း အမျိုးသား တစ်ဦးအား လည်ပင်းညှစ် သည့်ဖြစ်ရပ် တစ်ခု မတ် ၄ ရက်က ရန်ကုန် လေဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“မတ် ၂၀ ရက် ပြန်မယ့် လက်မှတ်ကို စောပြီး ပြန်ချင်တာ ခရီးသည်က ပြည့်နေတော့ မလွယ်ဘူး။ စောင့်နေ ရတာ ကြာတယ် ဆိုပြီး လည်ပင်း ညှစ်တာ”ဟု အဆိုပါ လေကြောင်း လိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ထိုကဲ့သို့ လည်ပင်း ညှစ်သော အမျိုးသမီး ကြီးမှာ အသက် ၇၈ နှစ်ရှိပြီး ပြန်လည် တောင်းပန် သောကြောင့် အညှစ် ခံရသည့် ၀န်ထမ်းက အမှု မဖွင့် တော့ကြောင်း အဆိုပါ လေကြောင်း လိုင်းမှ တာဝန် ရှိသူ ကပြောသည်။ မကြာ သေးမီက ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် လာရောက် တည်းခိုသည့် ဂျပန်နိုင်ငံသားတစ်ဦးကလည်း ဟိုတယ် ၀န်ထမ်း အမျိုးသမီး တစ်ဦးအား ပါးရိုက်သဖြင့် အမှု ဖြစ်ပွား လျက်ရှိသည်။ ယခုနှစ်တွင် ကမ္ဘာလှည ခရီးသည် ၀င်ရောက်မှု များ၍ ၀န်ထမ်းများ၏ ၀န်ဆောင်မှုမှာလည်း ကျဆင်းလျက်ရှိကြောင်း လာရောက် တည်းခိုသူအချို့က မှတ်ချက် ပြုကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်