Saturday, September 15, 2012

အရပ်ဘက်ပစ်မှတ်များကို ရွေးချယ်တိုက်ခိုက်နေသော KIA ကို ကချင်ပြည်သူလူထုမှ အမြစ်ဖြတ် ချေမှုန်း ပေးရန် တောင်းဆို တော့မည်

Posted by drmyochit Saturday, September 15, 2012, under | No comments

KIA ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ ကချင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ကောင်းကျိုး စီးပွားကို လျစ်လျူရှုပြီး ကားလမ်း၊ ရထားလမ်း တွေမိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး နေပါတယ်။ အခုရက်ပိုင်း အတွင်းမှာ နေ့စဉ် ဆိုသလို ဖျက်ဆီးမှုတွေ လုပ်ဆောင် နေရာမှာမေလ ၂ ရက်နေ့ မနက်၂နာရီခွဲမှာ မန္တလေး-မြစ်ကြီးနား ရထားလမ်း ပြည်ထောင်ဘူတာ နဲ့ မလိခဘူတာ အကြားမှာ မိုင်းဖောက်ခွဲခဲ့ပါတယ်။ အဲဒီနေ့ မနက်မှာပဲ ၀ိုင်းမော် ဆဒုံး-ကန်ပိုက်တီး လမ်းမှာရှိတဲ့ လန်န ခုနစ်ရောင်ခြယ် သံကူကျွန်ကရစ်တံတား၊ မြစ်ကြီးနား-တနိုင်းကားလမ်း ၀ရာဇွတ်ရွာအနီး သံပေါင် ဘေလီ တံတား၊ မြစ်ကြီးနား- ချီဖွေလမ်းမှာရှိတဲ့ ဒွန်ဘန်တံတားတွေ မိုင်းထောင်ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုမျိုး မိုင်းထောင် ဖောက်ခွဲလို့ ရထား လမ်းတွေ ပျက်စီးသွားပြီး ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ပဲဒုက္ခရောက်သွားကြပါတယ်။ KIAရဲ့ အဖျက် လုပ်ရပ်တွေ ကြောင့် ပြည်သူတွေအနေနဲ့ ကချင်တပ်ဖွဲ့(KIA) အပေါ်မှာ နာကျည်း မုန်းတီး မှုတွေ များလာပြီး စိုးရိမ် ပူပန်လျက် ရှိနေကြပါ တယ်။
KIA ဟာ ကချင်ပြည်သူတွေအတွက် တိုက်ပွဲဝင် နေပါတယ်လို့ အသံကောင်း ဟစ်ကြွေး နေပေမဲ့ လက်တွေ့မှာတော့ လူထုတွေ ဒုက္ခရောက်အောင်လုပ်နေပါတယ်။ စစ်တပ်နဲ့မသက်ဆိုင်တဲ့ အရပ်သားတွေ နေထိုင်သွား လာတဲ့ နေရာတွေ ရွေးချယ် တိုက်ခိုက်နေပါတယ်။ လူစုလူဝေးရှိနေတဲ့နေရာ၊ ဈေး၊ ကျောင်း၊ ကားဂိတ်နဲ့ ဘာသာရေး အဆောက်အဦး တွေမှာမိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှုတွေ၊ ရထားလမ်း၊ ကားလမ်း၊ တံတားတွေကို အင်အား အလွန်ပြင်းတဲ့ မိုင်းတွေနဲ့ ဖောက်ခွဲနေတာ တွေဟာ ကချင်ပြည်နယ်ကို မပျက် ပျက်အောင် ဖျက်ဆီး နေတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တွေတုန်းကပုံစံမျိုး အသက်ရှင် ဖို့ထက် သေဖို့မျှော်လင့်ပြီး ထမင်းစားနေကြရသလိုပါပဲ။ ဒီခြားထဲမှာ အဆိုးဆုံးကတော့KIA တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ် မှာရှိတဲ့ ရှမ်းလူမျိုးတွေ၊ ဗမာလူမျိုးတွေဆို ပိုပြီး ဖိနှိပ်နေပါတယ်။ ရှမ်းနဲ့ဗမာ အမျိုးသမီးငယ်ငယ်ရွယ်ရွယ် လေးတွေတွေ့ရင် အငမ်းမရ ဖမ်းဆီးပြီး လိုင်ဇာဌာနချုပ်ကနေတစ်ဆင့် တစ်ဖက်နိုင်ငံထဲရောင်းစားနေပါတယ်။ အသက် ၁၅နှစ် ကနေ၃၀ အတွင်းရှိတဲ့ ယောကျာ်းလေး တွေကိုတော့ KIA စခန်းတွေမှာ ခေါ်ထားပြီး စစ်တိုက်ခိုင်းနေပါတယ်။ KIA ကချင် လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဖားကန့်ဒေသမှာ ကျောက်လုပ်ကွက်တစ်ဧကကို သိန်း(၅၀) ကောက်ခံနေတဲ့အတွက် လုပ် ငန်းရှင်တွေအဖို့ KIA ကို လုပ်ကျွေးနေရသလိုဖြစ်နေကြပါတယ်။ လူသစ်စုဆောင်းတဲ့ အခါမှာလဲ ထင်သလောက်မရရှိတဲ့ အတွက် ကားလမ်း၊ရထားလမ်းတွေပိတ်ပြီးတွေ့တဲ့သူ အကုန်ဖမ်းခေါ်နေတာကြောင့် ခရီးသွားတဲ့အရေအတွက် လျော့နည်း လာနေပါတယ်။ဒါကြောင့်မို့ ကချင်ပြည်နယ်အတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ လာတာနဲ့ အတူ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေပါတယ်။ ကချင်အထူးဒေသ(၁)ကိုKIA အဖွဲ့ သွားရောက် တိုက်ခိုက် တဲ့ရ လဒ်ကလဲ အခုအခါမှာ စစ်ဘေးဒုက္ခ သည်တွေ ပိုမိုတိုးပွားလာပါတယ်။ ဒီတိုက်ပွဲမှာလဲ ထင်သလောက် အောင်မြင်မှု မရတဲ့အတွက် ဒုတိယအကြိမ်ထပ်မံတိုက် ခိုက်ဖို့ပြင်ဆင်နေပါတယ်။



လက်ရှိအခြေအနေမှာတော့ KIA ဟာ ကချင်ပြည်နယ်အတွင်းမှာ ပွဲမဆူ ဆူအောင်လုပ်နေသလိုမျိုး ဖြစ်နေ ပါတယ်။ အမှတ် (၁၀၀၂)နယ်ခြားစောင့်တပ်ဌာနချုပ်ကိုလဲတိုက်ခိုက်နေတယ်။ အရပ်သားတွေ၊၀န်ထမ်းတွေ (အပြစ်မဲ့ ပြည်သူတွေ) အပေါ်မှာလဲ လက်နက်အားကိုးနဲ့ ပစ်ခတ်သတ်ဖြတ်နေတယ်။ရထား လမ်း ဆိုတာ ကတော့ KIA တွေရဲ့ မိုင်းပစ်ကွင်း လို့ပြောနိုင်လောက်အောင် နေ့စဉ်လိုလို ဖျက်ဆီးပစ်နေတယ်။ ကချင် ပြည်နယ်မှာတော့ KIAဟာအနိဌာရုံတွေချည်းပဲ အမွေ ပေးနေပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာ ရှိတဲ့ ပြည်သူတွေ အားလုံး က နိုင်ငံတော် သမ္မတထံ စာရေးတိုင် ကြားဖို့ ပြင်ဆင်နေကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့အလျော့ပေးမှု အပေါ်မှာ KIA ရဲ့ တဖက်သတ်လုပ်ရပ်တွေကြောင့် (ဖြစ်နိုင်မယ်ဆိုရင်) အစိုးရ တပ်တွေ အနေနဲ့ KIA ကို အမြတ်ပြတ် ချေမှုန်းပေးဖို့ တောင်းဆို တော့မယ်လို့ သိရှိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်