Saturday, September 15, 2012

ပြုံးမချောင်း ရေချိုရပ် ၀န်း၌ တရုတ်ဈေး ကွက်ဝင် ငါးဖရုံဖမ်း ဆီးရရှိမှု ပိုမို

Posted by drmyochit Saturday, September 15, 2012, under | No comments



မြန်မာ-ဘင်္ဂလားဒေ့ရှ်  နယ်စပ်နတ်မြစ်လက်တက်  ပြုံးမချောင်းအလယ်ပိုင်းနှင့် ချောင်းဖျားပိုင်း ရေချိုရပ်ဝန်း ချောင်းမြောင်း အင်းအိုင်များတွင် တရုတ်ဈေးကွက်ဝင် တန်ဖိုးမြင့် ငါးဖရုံ ( ငါးလင်ဗန်း) ရေသယံဇာတများ ယခုနှစ်မိုးရာသီတွင်  ဖမ်းဆီးရရှိမှုပိုမို များပြားလာကြောင်း  ဒေသခံရေလုပ်သားများထံကသိရှိရသည်။
ငါးဖရုံမှာ ငါးရှဥ့်မျိုးနွယ်စုဝင် ငါးမျိုးစိတ်တစ်မျိုးဖြစ်သော်လည်း ငါးရှဥ့်ထက် အကောင်ကြီးပြီး ရခိုင်ဒေသ ပြုံးမချောင်းပြင်၊ ကုလားတန်၊ လေးမြို့၊ မယူမြစ်ဖျားပိုင် ရေချိုရပ်ဝန်းဒေသများ၌လည်း ဖမ်းဆီးရရှိကြောင်း သိရသည်။
ငါးဖရုံမှာ မြစ်ချောင်း၊ အင်းအိုင်ကျယ်ဝန်းပြီး ရေအနက် ပိုရှိသော ရေအောက်ကြမ်းပြင်ရှိ သဘာဝအရ ဖြစ်တည်နေသော   ကျောက်ခေါင်း၊ ချိုင့်ဝှမ်းနေရာများ၌ နေထိုင်ကျက်စားမှုများသည့် သတ္တ၀ါဖြစ်ကြောင်း ရေလုပ်သားများ၏အဆိုအရ သိရသည်။
မိုးရာသီတွင် တောင်ကျရေစီးများဖြင့် မြစ်ချောင်းအင်းအိုင်များအတွင်း ရေနောက်များ ၀င်ရောက်မှုများကြောင့် မူရင်းနေထိုင်ရာ ရေပြင်ရေအိုင်ဧရိယာပြင်ပဖြစ်သည့် ရေမြေသစ်များသို့ ထွက်ခွာကျက်စားလေ့ရှိရာတွင် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။
“အရင်နှစ်တွေက မိုးရာသီထက်စာရင် ဒီနှစ်မိုးရာသီမှာက ဖမ်းဆီးရရှိမှု အများဆုံးပါ”ဟု မောင်တော  မြောက်ပိုင်းမင်းကြီးကျေး ရွာမှ ရေလုပ်သားဦးမြင့်ဝင်းက ပြောသည်။
ဖမ်းဆီးရမိသော ငါးဖရုံများကို ကြိမ်ချောင်း၊ ငါးခူရ၊ မောင်တော ငါးဖယုံအ၀ယ်ဒိုင်များမှ အ၀ယ်တော်များ လာရောက်ဝယ်ယူလေ့ရှိရာ တစ်ပိဿာခန့် ငါးဖရုံအကောင်ကြီး တစ်ကောင်လျှင် ကျပ် (၃၀၀၀၀)မှ (၃၅၀၀၀)အထိ  ဈေးရှိကြောင်းကိုလည်း ရေလုပ်သားများ ထံက သိရသည်။
သို့သော် ၀ယ်ယူကြရာ၌ ငါးရှဉ့်ကဲ့သို့သော အကောင်ဝယ်များကို ၀ယ်ယူခြင်းမဟုတ်ပဲ အနည်းဆုံးတစ် ပိဿာခွဲ အရွယ်အစားရှိ အကောင်များမှ စတင်ကာ ၀ယ်ယူခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
“ငါးဖရုံက ငါးရှဉ့်လို အကောင်သေးတွေကိုတော့ မ၀ယ်ပါဘူး။ ၀ယ်ယူတဲ့နေရာမှာက ငါးဖရုံရဲ့ အဆီရှိမှု အပေါ်မူတည်ပြီး ခွဲခြားဝယ်ယူကြတာဖြစ်ပါတယ်။ ငါးဖရုံမှာကတော့ အကောင်ကြီးလေ ငါးရဲ့အဆီ အဆိမ့် တွေများလေပါဘဲ”ဟု မောင်တော ငါးဖရုံအ၀ယ်ဒိုင်က ကိုအေးသိန်းက ပြောသည်။
ထိုကဲ့သို့ ဖမ်းဆီးရရှိသည့် ငါးဖရုံများကို အ၀ယ်တော်များက တဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၌ ငါးဖရုံအဆီအဆိမ့်များကို ခွဲထုတ်စုတ်ယူပြီး ဆေးဖော်စပ်ရာတွင် အသုံးပြုရန် ၀ယ်ယူခြင်း ဖြစ်ကြောင်းကိုလည်း  သိရသည်။

From: MyitMaKha

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်