Monday, September 03, 2012

ဦးအောင်သိန်း လင်းတင် သွင်းေ သာ အဆိုကို ဒီ ချုပ် ၊တပ်မေ တ်ာသား၊တိုင်းရင်း သားပါတီများ ကန့်ကွက်

Posted by drmyochit Monday, September 03, 2012, under | No comments

ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စား လှယ်တစ်ဦး ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့်မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။ ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီအချို့ နှင့် တပ်မတော်သား ကိုယ်စားလှယ်များအားလုံးက မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ်ရောက်သူ ကိုယ်စားလှယ် ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်သောကြောင့် ကန့်ကွက် ခဲ့သော်လည်းလက်ခံဆွေးနွေးရန် ဥက္ကဌ က ဆုံးဖြတ်ပေးလိုက်သည်။ ” ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်”ဟု ဥက္ကဌ က ပြောကြားသည်။ အဆိုမှာ ” တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကိုသာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း” အဆိုဖြစ်သည်။
"ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်"

3 Sep 2012

ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စား လှယ်တစ်ဦး ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့်မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။

ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီအချို့ နှင့် တပ်မတော်သား ကိုယ်စားလှယ်များအားလုံးက မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ်ရောက်သူ ကိုယ်စားလှယ် ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်သောကြောင့် ကန့်ကွက် ခဲ့သော်လည်းလက်ခံဆွေးနွေးရန် ဥက္ကဌ က ဆုံးဖြတ်ပေးလိုက်သည်။

" ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်"ဟု ဥက္ကဌ က ပြောကြားသည်။

အဆိုမှာ " တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကိုသာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" အဆိုဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်