Monday, September 03, 2012

ဒီငြိမ်းလင်းနှင့် စည်သူမောင်တို့၏ ထင်ပေါ်ချင်သော လုပ်ရပ်ကို ရှုံချကြောင်း ရေးသားထား

Posted by drmyochit Monday, September 03, 2012, under | No comments

 
88 ရဲ့ စေတနာ ဝဿန် ဂီတ ဖျော်ဖြေပွဲတွင် စင်ပေါ်မှ ဆင်းလာချိန်တွင် ကိုမင်းကိုနိုင်၏ နောက်မှ ဒီငြိမ်းလင်းနှင့် စည်သူမောင်တို့၏ ထင်ပေါ်ချင်သော လုပ်ရပ်ကို ရှုံချကြောင်း မန္တလေး ခရိုင်ကျောင်းသားဟောင်းနိုင်ကိုဇော် ရေးသားထားလေသည်။ 88 ရဲ့ စေတနာ ဝဿန် ဂီတ ဖော်ဖြေပွဲ မှာ ကျောင်းသားခေါင်းဆောင် ဟောင်းကြီးတွေက ကျောင်းသား သမဂ္ဂ (၂) ခု ဖြစ်တဲ့ဗကသများအဖွဲ့ချုပ် နှင့် ကသဖ တို့ကို ဘက်လိုက်မှု မရှိ သာတူ ညီမျှ ဖြစ်စေရန် စီစဉ်ပေးခဲ့သည်။ ဖယောင်းတိုင်ကိုင်၍ ကဗျာရွတ်ဆိုရန် တဖက်ကို ကျောင်းသား (၂၅)ဦး စီ အညီအမျှကို စီစဉ်ပေးခဲ့ပြီး မျက်နှာလိုက်သည် မဖြစ်စေရန် (၂)ဖွဲ့လုံး ၏ ကျောင်းသားအလံ အား မသုံးရန် ပြောကြားထားခဲ့သည်။ သို့သော် တကယ့် တကယ် တွင် စင်ပေါ်မှ ဆင်းလာချိန်တွင် ကိုမင်းကိုနိုင်၏ နောက်မှ ဒီငြိမ်းလင်းနှင့် စည်သူမောင် တို့ မှ အသင့်ယူဆောင်လာသော ခွပ်ဒေါင်း အလံကို ဖြန့် လိုက်ပါသည်။ ခေါင်းဆောင် ၈၈ များ၏ စကားကို မလိုက်နာပဲ မိမိ ထင်ပေါ်မူကို ရှေ့ရှု၍ ဆောင်ရွက်ပြုမူခြင်းကို ရှုတ်ချပါကြောင်း ။ အဖွဲ့အစည်း ၊ ကော်မတီ စသည်တို့ တွင် ပါဝင်ပြီ ဆိုလျှင် အများ သဘောတူချက်ကို လိုက်နာရပါသည် ။ အားလုံးသဘောတူ ဆုံးဖြတ်ချက်ကို လိုက်နာတတ်သော ၊ လေးစားတတ်သော ကျောင်းသား ခေါင်းဆောင်များ ဖြစ်စေရန် ကြိုးစားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်