Monday, September 03, 2012

အာဏာပိုင်များခွင့် မပြုေ သ်ာလည်း မန္တေ လးတွင် ဆန္ဒေ ဖ်ာထု တ်နေ

Posted by drmyochit Monday, September 03, 2012, under | No comments

 
နိုင်ငံတော်သမ္မတအား ထောက်ခံပြီး၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တားနားအား ကန့်ကွက်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲအဖြစ် မန္တလေးမြို့တွင် ဒုတိယနေ့ ဆက်လက်ပြုလုပ်မည့် ချမ်းအေးသာစံမြို့နယ် ဆန္ဒပြပွဲသည် အာဏာပိုင်များက တားဆီးမှုများ ပြုလုပ်သော်လည်း ယခုစတင်၍ ဆန္ဒ ထုတ်ဖော် နေပြီ ဖြစ်ကြောင်း မန္တလေးမြို့ရှိ 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ယခင် ခွင့်ပြုခဲ့စဉ်က ဆန္ဒပြမည့်လမ်းကြောင်းအား ၇၉ လမ်း ၃၄ လမ်းထောင့်မှ မြောက်ဘက် ၂၇ လမ်းအထိ ဆန္ဒပြချီတက်ကြရန်ဖြစ်သော်လည်း ယနေ့တွင် ယင်း ၃၄ လမ်းထောင့်မှ လမ်း ၈၀ ဘက် တောင်ဘက်သို့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော်လျက် ရှိသည်။ ယခင် ခွင့်ပြုသည့် လမ်းကြောင်းမှာ လူသွားလူလာနည်းသည့် လမ်းကြောင်းဖြစ်ပြီး၊ ယခု ချီတက် ဆန္ဒထုတ်ဖော်လျက် ရှိသည့် လမ်းကြောင်းမှာ လူသွားလူလာများသည့် လမ်းကြောင်း ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်