Monday, September 03, 2012

ပြည်ပရောက် နိုင်ငံရေးသမား၏ သရုပ်မှန်ကို သိစေရန်

Posted by drmyochit Monday, September 03, 2012, under | No comments

 
မြန်မာပြည် အရေးဟာ အခုချိန်မှာ ရှုပ်ထွေးနက်နဲလာနေပါတယ် ။ ပြည်ပမှာ နေထိုင်ဆဲမို. ပြည်တွင်းက လူတွေ မသိတဲ့ ပြည်ပရောက် နိုင်ငံရေးလုပ်စားများအကြောင်းသိထားတာမို. ကျမ ပြည်တွင်းမှာ နေထိုင်ခဲ့စဉ်က
ပြည်ပက နိုင်ငံရေးလှုပ်ရှားသူများအပေါ်မြင်တဲ့အမြင်ဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ် ။ အဲ့လိုပဲ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံ့အရေးကို စိတ်ဝင်စားတဲ့ မျိုးချစ် ညီအစ်ကို မောင်နှမများကို တကယ့် ပြည်ပမှာ ဖြစ်နေတာလေးတွေ ကို ပြောပြချင် လို. ချရေးဖြစ်လိုက်ပါတယ် ။ ကျမ ပြောပြခဲ့ဖူးသလို နိုင်ငံရေးဆိုတာ ဘာလဲ ကျမ မသိပါဘူး ။ သို.သော် နိုင်ငံ့အရေး လို. အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်တော့ ကျမသည် နိုင်ငံရေးကို စိတ်ဝင်စားပါသည် ။ ထိုနည်းတူ နိုင်ငံ့အရေး ဆောင်ရွက်မှု.များ ၊ ဆောင်ရွက်သူများကို စိတ်ဝင်စားရာကနေ နိုင်ငံရေးလုပ်စားများ အကြောင်းကို
သိလာခဲ့ရပါတယ် ။ ပြည်ပမှာ မြန်မာနိုင်ငံရေးလှုပ်ရှားသူများကို ကောင်းကောင်း ထောက်ပံ့ပါတယ် ။
သတင်း မီဒီယာ များကိုဆို ပိုထောက်ပံ့ပါတယ် ။ အထူးသဖြင့် နော်ဝေ က DVB သတင်းသမားများ အလွန်အထောက်အပံ့ကောင်းများ ရရှိပါတယ် ။ BBC ,VOA,RFA သတင်းဌာနတွေမှာ မြန်မာ အချင်းချင်းကြား နေရာလိုချင်မှု.တွေ ရှိပါတယ် ။ ပြောချင်တာက ပြည်ပ သတင်းမီဒီယာတွေကို ချင့်ယုံကြဖို.ပါ ။သူတို.က တိုင်းပြည်အတွက် လုပ်နေတာမဟုတ်ပါ ။ ကိုယ်ကျိုးအတွက်လုပ်နေတာတွေပါ ။ သူတို.သည် ဒေါ်အောင်ဆန်းစုကြည် နဲ. အစိုးရ မပြေလည်လေ သူတို.ပျော်လေပါပဲ ။
နိုင်ငံရေးလှုပ်ရှားသူများကလည်း ( ခေါင်းဆောင်ပိုင်း) တိုင်းပြည်ပျက်လေ သူတို.ခွက်ပြည့်လေပါပဲ ။ ဒီနေရာမှာ
ပြောပြချင်တာက နိုင်ငံခြား တိုင်းပြည်များသည် ရေရှည် နေထိုင်ဖို. မသင့်တော်ပါဘူး ။ ပညာ၊ စီးပွား ရှာပြီး
ကိုယ့်ရေမြေမှာ အခြေချခြင်းသည်သာ အကောင်းဆုံး ၊ မြန်မာ့မြေသာအကောင်းဆုံးဆိုတာ ပြည်ပရောက်နေတဲ့
မြန်မာတိုင်း ခံစားမိကြမှာပါ ။ မတတ်သာလို. သူများမြေမှာ ပညာရှာ ၊စီးပွားရှာနေကြပေမယ့် အိမ်ကို လွမ်းဆွတ်တဲ့စိတ်၊ အစားအသောက်တမ်းတတဲ့စိတ် တွေကတော့ မြန်မာတိုင်းရဲ့ တူညီတဲ့ ခံစားမှု.တွေပါ ။ အဲ..... အဲ့ဒီထဲကမှ မတူညီတဲ့ စုန်းပြူးတွေက ရှိစမြဲပါ ။ နိုင်ငံ့အရေးကို ခုတုန်းလုပ် ၊ အထောက်အပံ့အပေးအကမ်း နဲ. ကောင်းစားပြီး တိုင်းပြည်ပြန် သူဌေး လုပ်ချင်ကြတဲ့ နိုင်ငံရေးကုန်သည် စုန်းပြူးများပါပဲ ။ ဗီဒီယိုနဲ.ခွင်ရှာ ၊ သတင်းရောင်းပြီး စီးပွားရှာ ၊ သမိုင်းကိုလိမ်လို. ပထွေးကို နေရာပေး ၊ သူခိုး ဓါးရိုးကမ်းသူ နိုင်ငံရေး သူတောင်းစားတွေလို. ပြောရင်တောင် မမှားပါဘူး ။

ခုဆို အဲ့ဒီစုန်းပြူးတော်တော်များများ ပြည်တွင်း ပြန်ရောက်နေကြပါပြီ ။ ဦးဟန်ညောင်ဝေ ၊ ပြည်ပြေးစိန်ဝင်းလို. လူသိများတဲ့ ဒေါက်တာစိန်ဝင်း က စလို. ဒေါက်တာနိုင်အောင် ၊ မိုးသီးဇွန်တို. ပြည်တော်ပြန်ကြပါပြီ ။ ချီးထုပ်ကြီးများပေါ့ရှင် ။ သမ္မတကြီး ကို တစ်ခုပြောချင်တာက ပြည်ပရောက် ပညာတတ်များကို ပြည်တွင်းပြန်လာဖို. ခေါ်တာမျိုးကို လက်သင့်ခံနိုင်ပေမယ့် နိုင်ငံရောင်းစားခဲ့တဲ့ အထက်ဖော်ပြပါ ပုဂ္ဂိုလ်များကိုတော့ လက်မခံသင့်ပါဘူး ။ သူတို.ရှုပ်ခဲ့တဲ့ အရှုပ်ထုပ်များကို ရှင်းခိုင်းပါ ။ ထိုက်သင့်သော အပြစ်ဒဏ်ကျခံပါစေ ။ ပြည်ပမှာ နေလို.ဝ မှ တိုင်းပြည်ပြန်သူဌေးလုပ် ပြီး ခေါင်းချမယ်ဆိုတာကတော့ လူပါးဝလွန်းလှပါပြီ ။

သူတို.ပြောကြပါလိမ့်မယ် ။ ငါတို.က တိုင်းပြည်အတွက် တိုက်ခဲ့တာ ၊ ကမ္ဘာသိအောင် လုပ်ခဲ့တာလို. ။ မှန်ပါတယ် ။ တိုင်းပြည်အတွက် လက်နက်ကိုင်ခဲ့ပါလိမ့်မယ် ။ ကျမတို. ပြည်သူတွေက လက်နက်ကိုင် လမ်းစဉ်ကို အားမပေးခဲ့ပါ ။ လက်နက်ကိုင်ပြီး လူတစ်စုကို နိုင်နင်းအောင် အုပ်ချုပ်နိုင်စွမ်းမရှိခဲ့လို. ၊ အာဏာရူးခဲ့ကြလို. အုပ်စုကွဲမှု.တွေ ၊ အစုလိုက် အပြုံလိုက်သတ်မှု.တွေ ဖြစ်ခဲ့ပါတယ် ။ ကမ္ဘာသိအောင်လုပ်တယ်ဆိုတာ နိုင်ငံ့အရေးထက် အိတ်ဖောင်းဖို.က ပိုပါလိမ့်မယ် ။ မြန်မာပြည်ရဲ့ သမိုင်းကိုရိုင်းစေတဲ့ ရိုဟင်ဂျာ အမည်ခံတွေကို နေရာပေးခဲ့တဲ့ အဖိုးကြီးများ ကို တွေ.ချင်ပါသေးတယ် ။

ဒီလူတွေ တိုင်းပြည်ထဲ ပြန်ရောက်တာ တိုင်းပြည်အတွက် အရမ်းအန္တရာယ် ရှိပါတယ်။ တိုင်းပြည်အတွက် ဆိုးကျိုးများကိုသာ ဖြစ်စေမှာဖြစ်ပါတယ် ။ ဒါကြောင့် ကျမ ပြည်သူတစ်ယောက်အနေနဲ. ကန်.ကွက်ပါတယ် ။

×××××××××××××

ကြုံတုန်း နောက်ထပ်ပြောချင်တာလေး တစ်ခုကတော့ လွတ်လပ်တိုင်းကောင်းတာ မဟုတ်ဘူးဆိုတာပါပဲ ။ လွတ်လပ်သင့်သောနေရာမှာသာ လွတ်လပ်စေလိုပါတယ် ။ ခုဆို တလွဲဆံပင်ကောင်း မီဒီယာ လွတ်လပ်ပြီဆိုပြီး စာစောင်တွေထဲ ကြက်သာသာ ပုံတွေပါလို.ပါ ။ သီချင်း သရုပ်ဆောင်တာတောင် မောင်နှမချင်း ၊ သားအမိချင်း ကြည့်လို.မသင့်အောင် ဖြစ်ပျက်နေကြပြီ ။ မြန်မာ့ယဉ်ကျေးမှု.ဟာ အရမ်းချစ်ဖို.ကောင်းပါတယ် ။ ရင်ဖုံးလက်ရှည် ဝတ်ဖို.ပြောနေတာမဟုတ်ပါ ။ အရှက်တရားလေး ရှိဖို.ပြောနေတာပါ ။ ထိုင်းနိုင်ငံ တိုးတက်ပါတယ် ။ ဒါပေမယ့် သူ.နိုင်ငံ ဖာနိုင်ငံဖြစ်သွားတယ် ။ တကမ္ဘာလုံးက အဲ့လိုပဲ သိကြတယ် ။ ကျမ အနေနဲ.တော့ ကျမ နိုင်ငံကို အဲ့လို နိုင်ငံ အဖြစ်မခံနိုင်ဘူး ။ နိုင်ငံ့အကြီးအကဲ များအနေနဲ.လည်း ခွင့်မပြုသင့်ဘူး ။

အနောက်နိုင်ငံတွေ တိုးတက်တာကို အတုယူပါ ။ သို.သော် ယဉ်ကျေးမှု.ကို မယူပါနဲ. ။ အရှင်းဆုံးပြောလိုက်မယ် ၊ ဒီက မိန်းမတွေသည် မူးလာရင် တွေ.တဲ့သူနဲ.အိပ်ပါတယ် ။ အလှအပ အပေါ်ယံဦးစားပေးပါတယ် ။ ပိုက်ဆံမရှိ အကြွေးကဒ်နဲ.သုံးပါတယ် ။ ယောင်္ကျားတယောက်ပြီးတယောက် အိပ်ဖို.လဲ ဝန်မလေးပါ ။ ကန်တော့ပါရဲ့ ဝါသနာအရ ဖာများပါပဲ ။ ဘာသာတရားမရှိ ၊ ဂါရဝတရား မရှိပါ ။ ဒါတွေကို အတုမယူကြပါနဲ.။ သူတို.စည်းကမ်းရှိပုံ ၊ အလုပ်ကြိုးစားပုံ များကိုသာ အတုယူပါ ။

အပြင်က ကြည့်ရင် အားကျစရာ ကောင်းပေမယ့် တကယ်တမ်းနေရတဲ့အခါ အလွန်စိတ်ပျက်စရာပါ ။ အကြွေးကဒ်မရှိရင် အသက်မရှင် နိုင်တော့သလို ရထားလမ်းပေါ် ခုန်ချသေသူတွေကလည်း နေ.စဉ် ရှိမြဲပါ ။ အလုပ်လက်မဲ့တွေ ၊ တောင်းစားသူတွေ ၊ အမူးအရှုး တွေ ၊ ဆေးစွဲသူတွေလည်း များပါတယ် ။ လုံခြုံမှု.ရှိတယ်ဆိုပေမယ့် ရဲမဖမ်းနိုင်သေးတဲ့ လုယက်မှု.တွေ ၊ အနုကြမ်းစီးမှု.တွေ ရှိတာပါပဲ ။ ဖုန်းလုရုံလောက်နဲ.တော့ ရဲက အလုပ်ရှုပ်မခံပါ ။ ဒါတွေဟာ ကိုယ်နေတဲ့ နေရာ နဲ.ဆိုင်ပေမယ့် ဗဟုသုတ အဖြစ်ပြောပြတာပါ ။ အမည်းတွေ နေတဲ့နေရာဆို ဝေးဝေးရှောင်နိုင်လေ ကောင်းလေပါပဲ ။ အာရှတိုက်သားတွေက တော်ရုံတန်ရုံဆို ရေငုံနှုတ်ပိတ်နေတတ်ကြတာမို. အာရှတိုက်သားတွေကို အနိုင်ကျင့်တတ်ကြပါတယ် ။ အစိုးရက အလိုလိုက်ခဲ့လို. benefits လို.ခေါ်တဲ့ ထောက်ပံ့ကြေးမှီစားနေတဲ့ လူပျင်းတွေဖြစ်လာကြလို. ခုဆို အစိုးရ အခက်တွေ.နေရပါတယ် ။ benefits ကြောင့် လင်ကောင်မပေါ်ပဲ မွေးတဲ့ single mother တွေ ကလေးမှီစားနေကြတာပါ ။ ဒါကြောင့်ခုဆို benefits ဖြတ်တောက်ခြင်း၊ အလုပ်အတင်းရှာစေခြင်း ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများကို အရင်ကလို အိမ်ခွဲ မနေစေပဲ မိဘ နဲ.ပြန်နေကြဖို.စီမံခြင်းများ ပြောင်းလဲပြုလုပ်နေကြပါပြီ။

ပြောချ
Linkင်တာက တနိုင်ငံနဲ.တနိုင်ငံ စီးပွားရေးခြင်း ၊ ယဉ်ကျေးမှု.ခြင်း မတူညီကြပါ ။ copy cat ဒီမိုကရေစီ မဟုတ်ပဲ ကိုယ့်နိုင်ငံ ၊ ကိုယ်ယဉ်ကျေးမှု. နှင့် ကိုက်ညီသော ဒီမိုကရေစီသာဖြစ်သင့်ပါသည်လို. ပြောချင်ပါသည် ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်