Wednesday, October 03, 2012

ကချင်ပြည်နယ်က စစ်ရှောင် ကချင်ပြည်သူ ၆ သောင်း အကူအညီလိုအပ်

Posted by drmyochit Wednesday, October 03, 2012, under | No comments

Photo: စစ်ရှောင် ကချင် ၆ သောင်း အကူအညီလိုအပ်

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအလှူရှင်တွေဟာ တရုတ်-မြန်မာ နယ်စပ် တလျှောက် ရှောင်တိမ်းနေကြရတဲ့  ကချင်ရွာသား ၆ သောင်းအပေါ် လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးအပ်ဖို့ ပျက်ကွက်နေတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံးက ထုတ်ပြန်လိုက်ပါတယ်။

“ဖိစီးနှိပ်စက်မှုကနေ ချို့ငဲ့ဆင်းရဲမှုသို့” လို့ အမည်ရှိတဲ့ အစီရင်ခံစာကို ကချင်အမျိုးသမီးအစည်းအရုံးက ဒီနေ့ ထုတ်ဝေဖြန့်ချိတဲ့အထဲမှာ ထည့်သွင်းဖော်ပြထားတာပါ။

အထောက်အထား အချက်အလက်တွေအရ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ အစိုးရအကြား စစ်ပွဲတွေပြန်ဖြစ်တဲ့ မနှစ် ဇွန်လကနေ အခုထက်တိုင် ၁ နှစ်ခွဲနီးပါး ကာလအတွင်းမှာ စစ်ပြေးစစ်ရှောင်သူ ၁ သိန်းလောက်ရှိပြီး ကေအိုင်အိုထိန်းချုပ်တဲ့ ဧရိယာထဲမှာ ခိုလှုံနေသူ ၆ သောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ ၆ သောင်းလောက်ဟာ အခြေခံအစားအစာ လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းကိုသာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အကူအညီပေးရေး အုပ်စုတွေဆီကနေ ရရှိတယ်လို့ ဆိုပါတယ်။

အဲဒီသူတွေအတွက် တလကို အမေရိကန်ဒေါ်လာ ၂ သန်းလိုအပ်နေပြီး အဲဒီကွက်လပ်ကို ပုဂ္ဂလိကအလှူရှင်တွေနဲ့ ပြည်ပရောက် တနယ်တည်းသားတွေက ထည့်ဝင်နေကြတာ ၀န်ထုပ်ဝန်ပိုးတခုလို ဖြစ်ပြီး ရေရှည်အတွက် မလွယ်ကူတော့တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်တွေအပေါ် ထိုးစစ်တွေကို ချက်ချင်းအဆုံးသတ်ဖို့ ကချင်အမျိုးသမီးအစည်းအရုံးက တောင်းဆို လိုက်ပြီး တရုတ်-မြန်မာနယ်စပ်က စစ်ရှောင် ကချင်ရွာသားတွေထံ အကူအညီ တိုးမြှင့်ပေး နိုင်ရေးကို နိုင်ငံတကာအလှူရှင်တွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထား ပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံးရဲ့ ပူးပေါင်းဆောင်ရွက်ရေးမှူး မွန်းနေလီက “ကမ္ဘာကြီးက မြန်မာပြည်ကို အလှူတွေ အလုံးအရင်းနဲ့ ၀င်ရောက်နေပါတယ်။ ဒါဆို ဘာကြောင့် ကချင်တွေကို လျစ်လျူရှုနေတာပါလဲ” လို့ မေးခွန်းထုတ်ထားပါတယ်။

အခုအခါ တရုတ်-မြန်မာနယ်စပ်က ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဌာနချုပ်အနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ကချင်အရပ်သားတွေအတွက် ထပ်ပြီး အန္တရာယ်ကြုံနေရတယ်လို့လည်း သတိပေးထားပါတယ်။

DVB


ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအလှူရှင်တွေဟာ တရုတ်-မြန်မာ နယ်စပ် တလျှောက် ရှောင်တိမ်းနေ ကြရတဲ့ ကချင်ရွာသား ၆ သောင်းအပေါ် လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးအပ်ဖို့ ပျက်ကွက်နေ တယ်လို့ ကချင် အမျိုးသမီးအစည်းအရုံးက ထုတ်ပြန်လိုက်ပါတယ်။

“ဖိစီးနှိပ်စက်မှုကနေ ချို့ငဲ့ဆင်းရဲမှုသို့” လို့ အမည်ရှိတဲ့ အစီရင်ခံစာကို ကချင်အမျိုးသမီးအစည်းအရုံးက ဒီနေ့ ထုတ်ဝေဖြန့်ချိတဲ့အထဲမှာ ထည့်သွင်းဖော်ပြထားတာပါ။

အထောက်အထား အချက်အလက်တွေအရ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ အစိုးရအကြား စစ်ပွဲ တွေပြန်ဖြစ်တဲ့ မနှစ် ဇွန်လကနေ အခုထက်တိုင် ၁ နှစ်ခွဲနီးပါး ကာလအတွင်းမှာ စစ်ပြေးစစ်ရှောင်သူ ၁ သိန်းလောက် ရှိပြီး ကေအိုင်အိုထိန်းချုပ်တဲ့ ဧရိယာထဲမှာ ခိုလှုံနေသူ ၆ သောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ ၆ သောင်းလောက်ဟာ အခြေခံအစားအစာ လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းကိုသာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အကူအညီပေးရေး အုပ်စုတွေဆီကနေ ရရှိတယ်လို့ ဆိုပါတယ်။

အဲဒီသူတွေအတွက် တလကို အမေရိကန်ဒေါ်လာ ၂ သန်းလိုအပ်နေပြီး အဲဒီကွက်လပ်ကို ပုဂ္ဂလိက အလှူရှင်တွေနဲ့ ပြည်ပရောက် တနယ်တည်းသားတွေက ထည့်ဝင်နေကြတာ ၀န်ထုပ်ဝန်ပိုးတခု လိုဖြစ်ပြီး ရေရှည် အတွက် မလွယ်ကူတော့တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်တွေအပေါ် ထိုးစစ်တွေကို ချက်ချင်းအဆုံးသတ်ဖို့ ကချင်အမျိုးသမီးအစည်းအရုံးက တောင်းဆို လိုက်ပြီး တရုတ်-မြန်မာနယ်စပ်က စစ်ရှောင် ကချင်ရွာသားတွေထံ အကူအညီ တိုးမြှင့်ပေး နိုင်ရေးကို နိုင်ငံတကာအလှူရှင်တွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထား ပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံးရဲ့ ပူးပေါင်းဆောင်ရွက်ရေးမှူး မွန်းနေလီက “ကမ္ဘာကြီးက မြန်မာပြည်ကို အလှူတွေ အလုံးအရင်းနဲ့ ၀င်ရောက်နေပါတယ်။ ဒါဆို ဘာကြောင့် ကချင်တွေကို လျစ်လျူရှုနေတာပါလဲ” လို့ မေးခွန်းထုတ်ထားပါတယ်။

အခုအခါ တရုတ်-မြန်မာနယ်စပ်က ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဌာနချုပ်အနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ကချင်အရပ်သားတွေအတွက် ထပ်ပြီး အန္တရာယ်ကြုံနေရတယ်လို့လည်း သတိပေးထား ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်