Wednesday, October 03, 2012

ဘာကာအနိုင် ရခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်

Posted by drmyochit Wednesday, October 03, 2012, under | No comments


ဘင်ဖီကာဝ-၂ဘာစီလိုနာ
အသင်းခေါင်းဆောင် ကားလက်စ်ပူယိုးလ် ဒဏ်ရာ ရရှိသွားခြင်းက ယခုပွဲတွင် ဘာစီလိုနာ အနိုင်ရပြီး အရှုံးပေါ် သွားစေသည့် အခြေအနေမျိုးထံ ဦးတည်သွားခဲ့သည်။ ဘင်ဖီကာတွင် ဘရူနိုဆီဇာ၊ လီမာ၊ နီကိုလက်စ် ဂိုင်တန်၊ အီဒွာဒို ဆယ်လ်ဗီယို၊ နီမန်ဂျာမာတစ်၊ ဂျာဒယ်လ်၊ အက်ဇ်ကွီရယ်လ် ဂါရေး အစရှိသည့် ကစားသမားများ ပါဝင် ကစားခဲ့သည်။ ဘာစီလိုနာတွင် လီယွန်နယ်လ် မက်ဆီ၊ အလက်ဆစ် ဆန်းချက်ဇ်၊ ပက်ဒရို ဟာနန်ဒက်ဇ်၊ ဆက်စ် ဖာဘရီဂက်စ်၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ ဒန်နီအဲလ်ဗက်စ်တို့ ပါဝင်လာသည်။

ပွဲအစ (၆)မိနစ်ကတည်းက ဘာစီလိုနာတို့ ဦးဆောင်ဂိုး သွင်းယူသည်။ မက်ဆီ ဖန်တီးပေးမှုမှတစ်ဆင့် ချီလီသား ဆန်းချက်ဇ်က ဂိုးသွင်းပေးခဲ့ခြင်း ဖြစ်သည်။ မက်ဆီ ထိုးဖောက် ဆွဲယူလာပြီး ခင်းပေးလိုက်သော ဘောလုံးကို ဆန်းချက်ဇ်က အမှားအယွင်းမရှိ အနီးကပ် ပိတ်သွင်းနိုင်ခဲ့သည်။ (၅၆)မိနစ်တွင် ဘာစီလိုနာ၏ မြန်နှုန်းမြှင့် တိုက်စစ်ကစားဟန်မှတစ်ဆင့် မက်ဆီ ထုတ်ပေးလိုက်သည့် ဘောလုံးကို ဖာဘရီဂက်စ်က ဆွဲယူကန်သွင်းပြီး ဘာစီလိုနာတို့ ဒုတိယဂိုး ရရှိသည်။ (၇၈)မိနစ်တွင် ပြိုင်ဘက် ကစားသမားနှင့် ယှဉ်ခုန်ကာ ဘောလုံးကို ခေါင်း တိုက်ရန် ကြိုးစားရင်း အကျမတော်သဖြင့် ပူယိုးလ်၏ ဘယ်ဖက်တံတောင်ဆစ် ပြင်းထန်စွာ ထိခိုက် သွားခဲ့ရသည်။ ပွဲချိန် (၈၈)မိနစ်တွင်မူ ဘင်ဖီကာ ကစားသမား မက်ဇီပီရဲရာကို အဖျက်ကြမ်းသဖြင့် ဘုရှ်ကွက်စ် အနီကတ် ထိခဲ့ပြီး ဘာစီလိုနာတို့ (၁၀)ယောက်ကျန်ဖြင့် ထိန်းကစားကာ အနိုင် ရရှိသွားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်