Wednesday, October 03, 2012

KIA တပ်သား (၂) ဦး အပြစ်မဲ့ ရွာသားတစ်ဦးကို သေနက်နဲ့ပစ်သတ်

Posted by drmyochit Wednesday, October 03, 2012, under | No comments



မနေ့က (အောက်တိုဘာလ (၁) ရက်) နေ့တွင် KIA တပ်ဖွဲ့ဝင်နှစ်ဦးမှ ဖားကန့်မြို့နယ် မှော်ဝမ်းလေးရွာ ထဲသို့ဝင်၍ ရေမဆေး ကျောက်ရှာသူခေါင်းဆောင်အား ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရပါ တယ်။


ပစ်သတ်ခံရသူ ရေမဆေးကျောက်ရှာသည့်အဖွဲ့ခေါင်းဆောင် ဦးနေမင်းနိုင်ဟာ အသက် (၄၅) နှစ်ခန့် ရှိပြီး မှော်ဝမ်းလေးရွာရှိ ၎င်း၏ နေအိမ်တွင် ဂျာနယ်ဖတ်နေစဉ် နေ့လည် (၁၂) နာရီခန့်တွင် KIA မှ တပ်ဖွဲ့ဝင် (၂) ဦးသည် ရေမဆေးကျောက်ရှာသူ ၀တ်စုံ အားဝတ်ဆင်လျက် ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိ လာပြီး ဆိုင်ကယ်နောက်မှထိုင်၍ စီးနင်းလာသူမှ ဦးနေမင်းနိုင်၏ အိမ်အတွင်းသို့ ၀င်၍ “ မင်းလားကွ စစ်တပ် သတင်းထောက် ဆိုတာ ” ဟုပြောကာ အသင့် ပါလာသော သေနတ်ဖြင့် သုံးချက်ပစ်ပြီး ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရပါတယ်။

သေနတ်ဖြင့် ပစ်ခံရသူ ဦးနေမင်းနိုင်မှာ ရင်ညွန့်တည့်တည့်နှင့် ပုခုံး၊ ၀မ်းဗိုက်တို့တွင် သေနတ်ဒဏ်ရာများ ရရှိ ခဲ့ပြီး ပွဲခြင်းပြီး သေဆုံးသွားခဲ့သောကြောင့် အလောင်းအား ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ ကိုနေမင်းနိုင်က ကျွန်တော်တို့အဖွဲ့ရဲ့ ခေါင်းဆောင်ပါ။ အကို့လို အေးအေးဆေးဆေးနေတက်တဲ့ သူကိုမှ ဘာဖြစ်လို့ ဒီလိုသတ်ခံရတာလဲ မသိဘူး။ သူကစစ်တပ်နဲ့ ပတ်သက်တာလည်းမရှိဘူး။ ဒါပေမယ့် တလော ကက မိုးကောင်းသွားဖို့ ထွက်သွားတုန်းက လမ်းတွေပိတ်ထားလို့ KIA ကလူတွေနဲ့ စကားအချေ အတင် ဖြစ်ဖူးတယ်။ ဒါကိုမကျေနပ်လို့ သတ်လိုက်တာလား မသိဘူး” ဟု သေဆုံးသူ ၏ ရေမဆေးကျောက် ရှာသူ အဖွဲ့သား တစ်ဦးမှ ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဒေသခံတွေကို မေးကြည့်ရာ သတ်သွားတဲ့သူနှစ်ယောက်က ရွာရဲ့ ကချင်စု ရပ်ကွက်ဘက်ကနေ၀င်လာပြီးတော့ ဆွတ်ငိုင်ယန်ရွာဘက်ကို ပြန်ထွက်သွားကြောင်း ၊  တစ်ခါမှ မမြင်ဖူး ကြောင်း ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်