Wednesday, October 03, 2012

ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန်ကြိုးပမ်းမှုအား ဆန္ဒပြကန့်ကွက်သွားမည်

Posted by drmyochit Wednesday, October 03, 2012, under | No comments

ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) သည် ရခိုင်ပြည်နယ်တွင်း အခြေစိုက်၍ ရခိုင်လူမျိုးတို့နှင့် ဘင်္ဂါလီလူမျိုးတို့ အတူယှဉ်တွဲနေထိုင်နိုင်ရန်နှင့် ဘာသာ ရေးလုပ်ငန်းများ လုပ်ဆောင်မည့်အစီအစဉ်အား အစိုးရအဖွဲ့မှခွင့်ပြု မည်ဟု ကြားသိရသောကြောင့် ရခိုင်လူမျိုးများအနေဖြင့် ဆန္ဒပြကန့်ကွက်သွားမည် ဖြစ်ကြောင်းကို စစ်တွေ မြို့ရှိ ဝံလက် ဖောင်ဒေးရှင်းမှ အမှုဆောင် ဦးသိန်းဝင်းက ပြောသည်။ 


စစ်တွေမြို့တွင် အောက်တိုဘာလ ပထမပါတ် အတွင်း OIC အဖွဲ့အား ခွင့်မပြုနိုင်ကြောင်း စစ်တွေမြို့ရှိ သံဃာတော်များ၊ မြို့မိမြို့ဖများ၊ ကျောင်း သားလူငယ် များက လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတအား တင်ပြမည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၄ ရက်နေ့တွင် ရခိုင်အမျိုးသမီးထုမှ ရခိုင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘဝလုံခြုံရေးနှင့် အေးချမ်းစွာ နေထိုင်ရေး အတွက် အတူယှဉ်တွဲမနေထိုင်နိုင်ကြောင်း ဆန္ဒပြတောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ်မှာကော၊ ပြည်နယ် အတွင်းမှာ ဘယ်နေရာမှာမှ ဘဝလုံခြုံရေးအတွက် အာမခံချက်မပေးနိုင်ဘူး၊ လူတိုင်းက ကျီးလန့် စာစား ဖြစ်နေတယ်၊ တစ်နေ့ကို တစ်နေရာမှာ ပြသနာတက်တယ်ဆိုပြီး အသံတွေထွက်နေကြတော့ အမြဲတမ်း စိုးရိမ်နေကြတယ်၊ ဒါကြောင့် ဘယ်လိုမှ အတူယှဉ်တွဲနေထိုင်လို့ မဖြစ်ဘူး”ဟု ဦးသိန်းဝင်းက ဆိုသည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်အမျိုးသမီးထုမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူး ရုံးများသို့ ဆန္ဒပြခွင့်လျှောက်ထားခဲ့ ကြောင်းသိရပြီး ကမာ့္ဘမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်အတွင်း အခြေ မစိုက်ရေး၊ စစ်တွေမြို့အတွင်းရှိ အင်ပါလာရပ်ကွက် (ဘင်္ဂါလီရပ်ကွက်) အား မြို့အတွင်း မှ ပြောင်းရွေ့ ပေးရေး နှင့် ရခိုင် အမျိုးသမီး များနှင့် ကလေးသူငယ်များ၏ ဘဝ လုံခြုံရေးနှင့် အေးချမ်း စွာ နေထိုင်ရေး အတွက် အတူယှဉ်တွဲ မနေ ထိုင်နိုင်ရေး တို့အား တောင်းဆို ဆန္ဒပြ မည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ ၄ ရက်နေ့တွင် ဆန္ဒပြမည့် အစီအစဉ်အား သက်ဆိုင်ရာဒေသ အာဏာပိုင်များနှင့် ပြည်နယ်အစိုးရမှ လက်ရှိ ရခိုင် ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့်ပြသနာများကြောင့် ၁၄ ရက်ခန့်ရက်ရွေ့ဆိုင်းရန်နှင့် တောင်းဆိုမှု အစီအစဉ် များအား နေပြည်တော်ရှိ အစိုးရအဖွဲ့သို့ တင်ပြထား ကြောင်းသိရပြီး အဆိုပါ တောင်းဆိုချက် များအား လိုက်လျော ပေးခြင်း မရှိပါက ရခိုင်အမျိုးသမီးထုကိုယ်စား “အစိုးရကခွင့်မပြုရင် လမ်းပေါ်အကုန်ထွက်မယ်” ဟု မြို့မိမြို့ဖ ရခိုင်အမျိုးသမီးကြီးတစ်ဦးက ပြောသည်။ “နိုင်ငံတကာရုံးတစ်ရုံးလာဖွင့်တဲ့ကိစ္စက ပြည်နယ် အစိုးရ အနေနဲ့ ဆုံးဖြတ်လို့ရမှာမဟုတ်ဘူး၊ နေပြည်တော်မှာရှိတဲ့ အစိုးရအဖွဲ့ကဘဲ ဆုံးဖြတ် ပေးနိုင်လိမ့်မယ်၊ ၁၄ရက် လောက်ရွေ့ဆိုင်းတယ် ဆိုတာကိုတော့ လူထုကလက်ခံထားတယ်”ဟု သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းမှ တာဝန်ရှိသူက ပြောသည်။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုသည့် ၄ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအတွက် တာဝန်ယူလျက်ရှိသော တပ်မတော်သား များနှင့် ရဲတပ်ဖွဲ့ ၀င်များ အနေဖြင့် မိမိတို့၏အိုးအိမ်များပင် လွမ်းမောလျက်ရှိနေကြောင်းကို “ကျနော်တို့ရဲ့ အိမ်မက်က အိမ်ကိုဘဲ ပြန်ရောက် နေတယ်”ဟု လုံခြုံရေးတာဝန်ကျနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ရင်း (၆)မှ အရာရှိတစ်ဦးက ဆို သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်