Wednesday, October 03, 2012

KIA မှ ဘိန်းစိုက်ချင်လျှင် တစ်သိန်းပေး၍ စိုက်နိုင်ကြောင်းပြော

Posted by drmyochit Wednesday, October 03, 2012, under | No comments



စက်တင်ဘာ(၂၉) ရက်နေ့က KIA တပ်မဟာ (၂) မှ ဗိုလ်အဆင့်ရှိတဲ့ ဘရန်ဆိုင်းက ခလုံးရွာ တွေဘက်မှာ ဘိန်းစိုက်ဖို့ လိုက်ပြောနေတယ်လို့သိရပါတယ်။


KIA တပ်မဟာ(၂) မှ ဗိုလ် ဘရန်ဆိုင်း နှင့် KIA ရဲဘော် ၁၀ ယောက်ဟာ စက်တင်ဘာလ (၂၉) ရက် နေ့လည်ပိုင်းက ခလုံရွာနားမှာရှိတဲ့ ရေလယ်ကျွန်းပေါ်ကိုရောက်ရှိလာတယ်လို့သိရပါတယ်။ ထိုသို့ရောက်လာ ပြီး ဒေသခံ တောင်ယာသမားတွေကို စုဝေးစေပြီး ၄င်းတို့အား ဘိန်းစိုက်လိုက စိုက်နိုင်ကြောင်း ဒါပေမယ့် တပ်မဟာ ရန်ပုံငွေအတွက် ဘိန်းခင်းလုပ်သူတစ်ဦးလျှင် တစ်နှစ်စာလျှင်ကျပ် (၁၀၀၀၀၀) နှုန်း ဆက်ကြေး ပေးသွင်း ရမည်ဟု ပြောကြားခဲ့ကြောင်းသိရပါတယ်။

“  အရင်နှစ်တွေတုန်းကလည်းပေးရတာပါပဲ ပြီးခဲ့တဲ့နှစ်ကတော့ ဗိုလ်ကြီးတစ်ယောက်လာပြောတယ် စိုက်တဲ့ သူတွေက တစ်ခါတည်းငွေပေးလိုက်ရတယ်။ ဒီနှစ်တော့လာပြောရုံပဲပြောသေးတယ် ။ ငွေပေးဖို့တော့ နောက်တစ် ခေါက်ထပ်လာ တောင်းမယ်ထင်တယ်။ ပေးရပေမယ်လို့ ဘိန်းစိုက်ရတာက ကိုက်ပါတယ်။ သူတို့လည်းငွေ များများ ရတာပေါ့ ။ တောင်ယာပဲစိုက်နေရင်တော့ သူတို့ကို ဆက်ကြေးဘယ်ပေးနိုင်မလဲ” ဟု ဒေသခံ ဘိန်းစိုက်ပျိုးသူ တစ်ဦးမှ ပြောပါတယ်။

သို့သော်  သည် စက်တင်ဘာလ(၂၆)ရက်နေ့ကတော့ လိုင်ဇာဌာနချုပ် အထက်တန်းကျောင်းမှာ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနှင့်ပက်သက်သောလူထုအစည်းအဝေးတစ်ခုအားမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် စစ်ဦးစီးချုပ် ဂမ်ရှောင်က ဦးစီးကျင်းပခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်