Wednesday, October 03, 2012

ဟောင်ကောင်တွင် သင်္ဘောနစ်မြုပ်၊ အနည်းဆုံး ၃၆ ဦး သေဆုံး

Posted by drmyochit Wednesday, October 03, 2012, under | No comments


ဟောင်ကောင်မှာ လူပေါင်း ၁၂၀ ကျော်လိုက်ပါလာတဲ့ ခရီးသည်တင် ကူးတို့ သင်္ဘာ တစ်စီးဟာ တခြားကူး တို့ သင်္ဘော တစ်စီးနဲ့ မနေ့ ညက တိုက်မိ နစ်မြုပ်သွားတာကြောင့် အနည်းဆုံး သေဆုံးသူ ၃၆ ဦးထိ ရှိနေပြီဖြစ် ပါ တယ်။


ဟောင်ကောင်အေနာက်တောင်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ လမ်းမာကျွန်းအနီး မှာ မတော်တဆ တိုက်မိမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ညမှောင်နေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရဟတ်ယာဉ်တွေ၊ မော်တော်တွေနဲ့ ခက်ခက်ခဲခဲ လုပ်ခဲ့ ရပြီး နစ်မြုပ်သွားတဲ့ သင်္ဘောထဲမှာ ခရီးသည်တွေ အများအပြားပိတ်မိ နေတယ်လို့ အသက်ရှင် လွတ်လာ သူတွေ က ပြောပါတယ်။
တခြားကူးတို့ သင်္ဘာကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားပေမယ့် သေင်္ဘာပေါ်ပါလာ တဲ့ ခရီးသည် တချို့ ဒဏ် ရာရပြီး ဆေးရုံကို တင်လိုက်ရတာက လွဲလို့ ဘေးအန္တရာယ်သိပ်မရှိဘဲ ကမ်းကို ကပ်လာနိုင်ခဲ့ ပါတယ်။
သင်္ဘောနစ်မြုပ်မှုကနေ ကယ်ဆယ်နိုင်တဲ့ လူပေါင်း ၁၀ဝ လောက်ကို ဆေးရုံပို့ ထားတဲ့ အကြောင်း နဲ့  ၉ ဦးဟာ ဒဏ်ရာအပြင်းအထန်ရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ ဟောင်ကောင် အာဏာ ပိုင်တွေက ကြေညာ ထားပါတယ်။
ဟောင်ကောင်သတင်းတွေမှာတော့ သေဆုံးသွားသူတွေထဲမှာ ကလေးတွေလည်း ပါတယ်လို့ ဆိုပါ တယ်။ ဟောင်ကောင် မှာ ဆောင်းဦးရာသီ ပွဲတော်နဲ့  တရုတ်အမျိုး သားနေ့ အလုပ်ပိတ်ရက် ကာလ မှာဖြစ်ပွား ခဲ့တာ ဖြစ်ပြီး သင်္ဘောအသွားအလာများတဲ့ ဟောင်ကောင်မှာ အခုလို မတော်တဆ သင်္ဘော တိုက်မိမှု ဟာ ဖြစ်တောင့် ဖြစ်ခဲ ဖြစ်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်