Wednesday, October 03, 2012

မန်ယူအနိုင် ရခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်

Posted by drmyochit Wednesday, October 03, 2012, under | No comments



 

ကလုဂ်ျ ၁ - ၂ မန်ချက်စတာ ယူနိုက်တက်
ယခုရာသီ ပွဲတိုင်းလိုလို ဦးဆောင်ဂိုး ပေးနေရသည့် အစဉ်အလာဆိုးကို မချေဖျက်နိုင်သော်လည်း အဝေးကွင်းတွင် (၃)မှတ်အပြည့်ရအောင် မန်ယူအသင်း စွမ်းဆောင်နိုင်ခဲ့သည်။ အိမ်ရှင် ကလုဂ်ျတွင် ရာဖာရဲလ် ဘက်စ်တော့စ်၊ ပန်တဲလစ် ကာပီတန်နော့စ်၊ မိုဒိုဆူဂူ၊ ဂါဘရီ မူရီဆန်၊ ရီကာဒို ကာတို၊ အိုင်ဗိုပင်တို အစရှိသည့် ကစားသမားများ ပါဝင်လာခဲ့သည်။ မန်ယူတွင်မူ ရော်ဘင်ဗန်ပါစီ၊ ဟာဗီးယား ဟာနန်ဒက်ဇ်၊ ဝိန်းရွန်နီ၊ တွမ်ကလီဗာလေ၊ ဒါရင်ဖလက်ချာ၊ အန်ဒါဆန်၊ ဂျွန်နီအီဗန်စ်၊ ရီယိုဖာဒီနန် အစရှိသည့် ကစားသမားများဖြင့် တောင်ပံ အစားကွင်း လယ်ကိုအားပြုခင်းကျင်းလာသည်။

ပွဲချိန် (၁၃)မိနစ်တွင်ပင် အိမ်ရှင်အသင်း ဂိုးစတင် ရရှိသည်။ ဘက်စ်တော့စ် ထုတ်ပေးလိုက်သော ဘောလုံးကို ညာခြမ်းအတိုင်း ဆွဲပြေးပြီး ဆူဂူက ဖြတ်ပို့ရာ ကာပီတန်နော့စ်က အမှားအယွင်းမရှိ သွင်းယူသွားခြင်းဖြစ် သည်။ထို့နောက်ပိုင်းတွင် မန်ယူအသင်း ထိုးဖောက်ဂိုးသွင်းမှုများ ပြုလုပ်လာသော်လည်း ဗန်ပါစီ ဦးဆောင်သော တိုက်စစ်ကို ကလုဂ်ျက တားဆီးနိုင်ခဲ့သည်။ သို့သော် မိနစ်(၃၀)တွင် မန်ယူတို့ ချေပဂိုး ပြန်ရသည်။ ရွန်နီ ခုတ်တင်ပေးလိုက်သော ပြစ်ဒဏ်ဘော =ကို ဗန်ပါစီ ခေါင်းတိုက်ရန် ကြိုးစားရာ ပခုံးနှင့်ထိပြီး ရှေ့ထွက်နေသည့် ဂိုးသမား မာရီယို ဖယ်လ်ဂွီရက်စ်ကို ကျော်ပြီး ဂိုးဝင်သွားခြင်း ဖြစ်သည်။ ဒုတိယပိုင်း ပြန်စပြီး (၄)မိနစ်တွင် ရွန်နီညာခြမ်းမှ ကန်တင်ပေးသော ဘောလုံးကို ဗန်ပါစီက အသာအယာ တို့ကန်ကာ ဂိုးတိုင်ထောင့်ကျဉ်းထဲ သွင်းယူပြီး မန်ယူတို့ ပွဲကို တစ်ကျော့ပြန် ဦးဆောင်ခွင့် ရရှိခဲ့သည်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွင် ဘက်စ်တော့စ် ၏ ခေါင်းတိုက်ချက်ကို မန်ယူဂိုးသမား ဒေးဗစ် ဒီဂီယာ လက်စွမ်းပြ ပုတ်ထုတ်သွားသဖြင့် မန်ယူတို့ နှစ်ပွဲကစားပြီး ရာနှုန်းပြည့် အနိုင်ရလဒ်ကို ဆက်လက် ပိုင်ဆိုင်ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်