Wednesday, October 03, 2012

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး အစားထိုးပြောင်းလဲ

Posted by drmyochit Wednesday, October 03, 2012, under | No comments



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နေပြည်တော်၊ တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး အစားထိုးပြောင်းလဲခြင်း၊ ကြေညာချက်အမှတ် (၃၉/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို အမည်စာရင်း ပြောင်းလဲ လိုကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြား ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂၀-၁-၂၀၁၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက် အမှတ် (၁/၂၀၁၁) တွင် ဖော်ပြထားသည့် (၁) လေ ၂၁၉၅ ဗိုလ်မှူးထူးအောင် (အစား) လေ ၂၅၈၄ ဗိုလ်မှူးဇော်မင်းလတ် (၂) လေ ၂၁၈၄  ဗိုလ်မှူးအောင်မြတ်တိုး (အစား) လေ ၂၆၀၈ ဗိုလ်မှူးသန်းထိုက် စသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးအား ယှဉ်တွဲဖော်ပြပါအတိုင်း အစားထိုး ပြောင်းလဲ လိုက်ကြောင်း သိရှိရသည်။
  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်