လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်ဇော် ဦးဆောင်သော မြန်မာ ကိုယ်စား
လှယ် အဖွဲ့သည် ရေအား လျှပ်စစ် စီမံရေး ဦးစီး ဌာနမှ စပိန်နိုင်ငံ မက်ဒရစ် မြို့၌ အောက်တို
ဘာ ၂၂ ရက်က ကျင်းပသော (၅)ကြိမ် မြောက် နည်းပညာ ရပ်ဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှု ကော်မတီ
အစည်းအဝေး တက်ရောက် ခဲ့ပြီး ဝန်ကြီး ဌာနမှ တည်ဆောက် နေသော ရေအား လျှပ်စစ် စီမံကိန်း
များ၏ နည်းပညာ ပိုင်းဆိုင်ရာ များကို အတိုင်ပင်ခံ အင်ဂျင်နီယာ အဖွဲ့ဖြစ် သော ဆွစ်ဇာ
လန်နိုင်ငံမှ AF- Colenco Co.,Ltd. အဖွဲ့နှင့် ဆွေးနွေး ညှိနှိုင်း ခဲ့သည်။
ဒုတိယ ဝန်ကြီးနှင့် အဖွဲ့သည် စပိန်နိုင်ငံ ဇာရာဂိုဇာ မြို့တွင် အောက်တိုဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၅ ရက် အထိ ကျင်းပ ခဲ့သော (၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ RCC (Roller Compacted Concrete) တမံကြီးများ ဆိုင်ရာ နည်းပညာ နှီးနှောဖလှယ် ပွဲသို့ တက်ရောက် ခဲ့သည်။ အဆိုပါ နည်းပညာ နှီးနှော ဖလှယ်ပွဲ တွင် မြန် မာ နိုင် ငံရှိ RCC တမံများနှင့် ပတ်သက်၍ ဆောင်ရွက်နိုင် မှုများကို အဖွဲ့ဝင် အဖြစ်လိုက်ပါ သွားသော ရေအား လျှပ် စစ် အကောင် အထည် ဖော်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူး ဦးဇော်မင်းစံ က စာတမ်း နှစ်စောင်ကို ဖတ်ကြား ခဲ့ကြောင်း သိရှိရသည်။
From: Myanmar
Express
Time in Rangoon


0 comments:
Post a Comment