Friday, November 02, 2012

ကျောက်မဲမှ လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲ နှုန်းမြင့်တက်နေ

Posted by drmyochit Friday, November 02, 2012, under | No comments


၂၀၁၂ ခုနှစ် သြဂုတ်လဆန်း ပိုင်းမှစတင်၍ ရှမ်းပြည်တောင်ပိုင်း၊ ကျောက်မဲမြို့တွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများ သိသာစွာများပြားလာ ကြောင်း ကျောက်မဲမြို့ခံများထံက  သိရသည်။မူးယစ်ဆေးဝါးသုံးစွဲ  သူများမှာများသော အားဖြင့် ဆယ်  ကျော်သက်အရွယ် များဖြစ်နေပြီး အသက် ၁၄ နှစ်အရွယ်မှ အသက် ၃၅ နှစ်အရွယ်ဝန်းကျင်းအထိ သုံးစွဲသူများ ပါဝင်ကြောင်း သိရှိရ သည်။

“ကျွန်တော်တွေ့ဖူးတဲ့ ကောင်လေးတစ်ယောက်ဆို (၁၄)   နှစ်လောက်ပဲရှိဦးမှာ အဖြူသုံး တက်နေပြီ၊ ဘယ်က ဘယ်လိုရ တယ်ဆိုတာကို မပြောပြဘူး၊ မိဘ တွေကလဲကလေးငယ်သေးတော့ ဘယ်လို လုပ်ရမလဲမသိဘူးဖြစ်နေ တာ”ဟု အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူ ကိုအောင် (အမည်လွဲ) ကပြော သည်။

မူးယစ်ဆေးဝါးရောင်း  ချသူများမှာ တိုက်ရိုက်ရောင်းချ  ခြင်းမဟုတ်ပဲ ဖုန်းဖြင့်အချိတ် အဆက်ပြု လုပ်ရောင်း ချကြောင်း အသက် ၂၃ နှစ်အရွယ် ကျောက်မဲ ဒေသခံလူငယ်တစ်ဦးက ဆိုသည်။ “တစ်ဆင့်ဆက် သွယ်ပေးတဲ့ လူတွေ  က လက်ဖက်ရည်ဆိုင်တွေမှ ထိုင်နေတတ်တယ်။
သုံးနေကြလူ တွေက ဖုန်းဆက်ပြီးပြောပေးတယ်။ သူတို့က အချိန်နဲ့နေရာကိုချိန်ပြီး တစ်ဆင့်ရောင်းတာ၊ သုံးတဲ့သူ ကိုယ် တိုင်က ဘယ်သူရောင်းပေး တယ်ဆို တာတော မသိရဘူး၊ အဲလို နည်းနဲ့ပဲ လူငယ်တွေ ကြားထဲ ရောက်လာ တာ”ဟု ၎င်းကဆက် လက်ပြောသည်။
ကလေးသူငယ်နာရင်လူးဆေး   ဗူးတစ်ဗူးအရွယ်အစားရှိဗူးတစ်ဗူး လျှင် ငွေကျပ် ရှစ်ထောင်မှ တစ်သောင်း ၀န်းကျင်ခန့်ဖြင့် အရောင်းအ၀ယ်ပြုလုပ်နေကြောင်း  ယခင်သုံးစွဲဖူး သူအမည်မဖော် လိုသူ  လူငယ်တစ်ဦ ကပြောသည်။ “အစ်မ တို့ရပ်ကွက်ထဲတော့ ဟိုတစ်လော က လာဖမ်းသွားတာတွေ့တယ်၊ အမျိုးသမီး တစ်ယောက်ရဲ့ အိမ်မှာ  အဖြူတွေနဲ့ အတူမိတာ၊ ဒါပေမဲ့  အခုနေရာ တိုင်းမှာကို ကြားနေရ တာ များများ ထပ်ဖမ်း စေချင်တယ်” ဟု အမှတ် (၈) ရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ်ဈေးသည်  အမျိုးသမီး တစ်ဦးက ပြောသည်။ မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ၊ ဘိန်းမဲ၊ ရာမ (စိတ်ကြွဆေးပြား)   ဆေးခြောက်နှင့် ဘိန်းဆီဟူ၍  အမျိုး အစားပေါင်းများစွာရှိပြီး သုံးစွဲမှုပမာဏပေါ်မူတည်၍ စိတ်ရောဂါအမျိုးမျိုးဖြစ်ပွားတတ် ပြီး ခုခံအားကျ ဆင်းမှုရောဂါများ  ကူးစက်ရောဂါများဖြစ်ပွားတတ် ကြောင်း အထွေထွေရောဂါဟု ဆရာဝန်များ၏ပြောဆိုချက်အရ  သိရသည်။
အဆိုပါမူးယစ်ဆေး ၀ါးများကို ကျောက်မဲသက်ဆိုင်ရာ မှ လိုက်လံဖမ်းဆီးအရေးယူပေးဖို့  ကျောက်မဲမြို့ ဒေသခံတွေ ထံမှ  သတင်းရရှိသည်။


Hot News 
ကိုစိုင်း(လားရှိုး)


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်