Friday, November 02, 2012

အပြစ်မဲ့ပြည်သူများစတေးခဲ့ရ

Posted by drmyochit Friday, November 02, 2012, under | No comments


KIA (ကချင်) အဖွဲ့၏လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ များသေဆုံး ဒဏ်ရာရရှိ တည်ငြိမ် အေးချမ်း မှုကိုလိုလားသော ဒေသခံပြည်သူများ၏ဆန္ဒအရ နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့သည် နိုင်ငံ အ၀န်း နေရာ အနှံအပြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်ချမ်းရေးရယူပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိသော်လည်း ကေအိုင် အေ(ကချင်)အဖွဲ့ အနေဖြင့် ဒေသတွင်းအဖျက်အမှောင့် လုပ်ငန်းများအား ဆက်လက်ဆောင် ရွက်နေခြင်း၊ မိမိတပ်မတော်စစ်ကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းများ အဆက်မပြတ် လုပ်ဆောင် လျက်ရှိရာ အောက်တိုဘာ ၃၀ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ နမ့်မှော် ကျေးရွာ အနီးရှိ မှော်ရကင် မှော်ဈေး တန်းသို့ ကေအိုင်အေ(ကချင်)အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု များကြောင့် ဖားကန့်မြို့နေ ရခိုင်လူမျိုး မောင်စိုင်းစိုင်းအောင်(၂၅)နှစ်၏ ညာဘက်လက်ပြင်နှင့် ညာဘက် ပေါင်တို့၌ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ 
 

ထို့အပြင် ဖားကန့်မှတာမခံသို့ မောင်းနှင်လာသော ခရီးသည်တင် ဗင်အမျိုးအစား ယာဉ်ပေါ်ပါရှိသည့် ကလေးမြို့နေ မောင်ကျော်ကျော် (၂၅)နှစ်နှင့် ယင်းမာပင်မြို့နေ မဆွေဆွေအောင်(၂၅)နှစ်တို့သည် လက်နက် ငယ်ကျည်ထိမှန်ဒဏ်ရာရ၍ နေရာတွင်ပင် သေဆုံးခဲ့ပြီး မိုးကောင်းမြို့နေ မောင်ထွန်းမင်းအောင် (၂၄)နှစ်၊ ဘယ်ဘက် လက်ဖျံနှင့် ဖားကန့်မြို့နေ မမြင့်မြင့်ခိုင်(၂၂)နှစ်တို့တွင် ဘယ်ဘက်နောက်စေ့တို့၌ အသီးသီးဒဏ်ရာ များ ရရှိခဲ့ သည်။ အဆိုပါ ဒဏ်ရာရရှိသူ (၃)ဦးတို့အား နယ်မြေခံတပ်မတော်မှ တာဝန်ရှိ သူများက ဖားကန့်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး သေဆုံးသူများ၏ မိဘ ဆွေမျိုးများအားလည်း လိုအပ်သည့် အကူအညီစောင့်ရှောက်မှု များ ပြုလုပ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(မြ၀တီ)
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်