ရုရှားနိုင်ငံ
အတွင်း၂ဝ၁ဝ ပြည့်နှစ်က ပျက်ကျခဲ့သည့် ပိုလန် သမ္မတနှင့် ခရီးသည် ၉၅ ဦး စီးနင်း လိုက်ပါ
လာသော လေယာဉ် တွင် ဖောက်ခွဲရေး ပစ္စည်း အစအန များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အောက်တိုဘာ
၃ဝ ရက်က သတင်းစာကြီးတစ်စောင် တွင် ဖော်ပြ ခဲ့သည်။
အဆိုပါ
ဖောက်ခွဲရေး ပစ္စည်း အစအန များအား လေယာဉ် အတွင်းရှိ ထိုင်ခုံ ၃ဝ ပေါ်နှင့်
လေယာဉ်၏ ကိုယ်ထည်နှင့် တောင် ပံများ တွင်ပါ တွေ့ရှိခဲ့ရကြောင်း
Rzeczpospolita သတင်း စာကြီးက ဖော်ပြ ခဲ့ကြောင်း သိရသည်။
၎င်းလေယာဉ်သည်
၂ဝ၁ဝ ပြည့်နှစ် အတွင်းက ပျက်ကျပြီးနောက် ပိုလန် နိုင်ငံနှင့် ရုရှား နိုင်ငံတို့က ရှာဖွေမှုများ
ချက်ချင်း ပြုလုပ် ခဲ့ကြသော်လည်း ယခုကဲ့သို့လေယာဉ် ပျက်ကျရခြင်း အကြောင်း အရင်းကို
ပိုလန် နိုင်ငံမှ ကျွမ်းကျင် သူများက ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ် သည်။
၂ဝ၁၁
ခုနှစ်ဇူလိုင်လက ထုတ်ပြန် ခဲ့သော အစီရင် ခံစာ၌ အဆိုပါ လေယာဉ် ပျက်ကျမှုသည် လေယာဉ် အမှုထမ်းများ
မကျွမ်းကျင် မှုကြောင့် ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။
From : မြဝတီ
Time in Rangoon

0 comments:
Post a Comment