Friday, November 02, 2012

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားမှန် ရိုက်ခွဲဖျက်ဆီးမှု ဒုတိယအကြိမ် ဖြစ်ပွား

Posted by drmyochit Friday, November 02, 2012, under | No comments


 ၂၀၁၂ ရက်နေ့ အောက်တိုဘာလ၃၁ ရက်နေ့ အလွန် နိုဝင်ဘာလ (၁) ရက်နေ့ နံနက် (၀၁း၃၀) အချိန်ခန့်၌ မြိတ်မြို့ ကန်ကြီးရပ်ကွက်နှင့် ရေပုန်း ရပ်ကွက်ရှိ နေအိမ်များ အရှေ့တွင် ရပ်နားထားသော မော်တော်ကားများ၏ ရှေ့လေကာမှန်နှင့် နဘေးမှန်များအား အမည်မသိ လူငယ်တစ်စုမှ ရိုက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။ 
ထို့သို့ လူငယ်တစ်စုမှ ရမ်းကားစွာ ကားမှန်များ ရိုက်ခွဲဖျက်ရှိမှုကြောင့် ရေပုန်းရပ်ကွက် ငြိမ်းချမ်းရေး (၂) လမ်းနေ ဦးချစ်ပွေ၏ ကင်တာအမျိုးအစား ကားအမှတ် ၈စ / ၆၈၀၀ မော်တော်ကား ဘေးမှန် ကွဲကြေခြင်း၊ ရေပုန်းရပ်ကွက် စည်ပင်သာယာလမ်းနေ ဒေါ်မိသီ၏ တောင်းအေ့စ် အမျိုးအစား ယာဉ်အမှတ် ၈/ဆ- ၄၁၄၉ မော်တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း၊ ကန်ကြီးရပ်ကွက် သာကေတ (၁)လမ်းနေ ဦးအာကာစိုး၏ မတ်တူးအမျိုးအစား ယာဉ်အမှတ် ၄ဂ/ ၉၁၈၃ မော်တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း စသည့် မော်တော်ယာဉ် (၃)စီးတွင် ဖြစ်ပွားခဲ့သည်။ 
မနက်ပိုင်း ရရှိသော သတင်းအရ ဖြစ်ပွားမှုမှာ မော်တော်ယာဉ် (၆)စီးထက် မနည်း ဖျက်ဆီးခြင်း ခံရနိုင် ကြောင်း နှင့် မော်တော်ယာဉ် ပိုင်ရှင်များအနေဖြင့် အမှုအခင်း မလုပ်လို သဖြင့် အမှုဖွင့်ခြင်း မပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။


ရွှေမြန်မာမီဒီယာမှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်