Friday, November 02, 2012

ကြည်နူးဖွယ် အာရုံတက်၌ နိဗ္ဗာန် ဈေးပွဲတော် စည်းကား

Posted by drmyochit Friday, November 02, 2012, under | No comments


မြစ်ကြီးနားမြို့ ၊ ခေမာသီရိ ရပ်ကွက် ၊ သမိဒ္ဓေါ ဒယသီလရှင် ကျောင်းတိုက်ကြီး၌ အောက်တိုဘာ ၃၀ ရက် နံနက် အာရုံတက်က နိဗ္ဗာန် ဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ နိဗ္ဗာန် ဈေးပွဲတော်ကို နံနက် ၄ နာရီမှ စတင်ခင်းကျင်း လှူဒါန်းပြီး နံနက် ၆ နာရီထိ ကျင်းပရာ သီလရှင် ကျောင်းတိုက်အုပ် ဆရာမကြီး နှင့် အလှူရှင်များက မြန်မာမုန့် များဖြစ်သော မုန့်ဟင်းခါး ၊ ခေါက်ဆွဲ ၊ ကောက်ညှင်းပေါင်း ၊ အကြော် ၊ မုန့်ဖက်ထုပ် စသည့် မုန့်မျိုးစုံ များအပြင် အသင့် ထုတ်ပိုးထားသည့် ကော်ဖီမစ် ၊ ခေါက်ဆွဲခြောက် ၊ အချိုရည် မျိုးစုံတို့ဖြင့် ဆိုင်ပေါင်း ၇၀ ကျော် ဖွင့်လှစ် လှူဒါန်းခဲ့သည်။
 

နိဗ္ဗာန်ဈေး ပွဲတော်သို့ မြို့ပေါ် ရပ်ကွက် အသီးသီးမှ ဗုဒ္ဓဘာသာဝင် ပြည်သူ ၂၀၀၀ ကျော်ခန့် လာရောက် စားသုံးကြပြီး ပွဲတော်အပြီးတွင် ပွဲတော်လာ ပြည်သူများက သီလရှင် ကျောင်းတိုက် ၀င်းအတွင်း သန့်ရှင်းရေး လုပ်အားဒါနများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရသည်။

ပြည်ချစ်သား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်