ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်၏ တရာ:စွဲဆိုမှု ခံထားရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(NLD) အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြည်မြန်မာ ဂျာနယ် နှင့် The Messenger ဂျာနယ်
တို့ကို တရား စွဲဆို ရန် လျောက်လဲချက် ကို မန္တလေး တိုင်း ဒေသကြီး တရားလွှတ်တော်က
လက်ခံ လိုက်ကြောင်း ဦးဉာဏ်ဝင်း က နိုဝင်ဘာ ၆ ရက်နေ့ တွင်The Voice Weekly သို့
ပြောကြားသည်။
"၂၉ရက် နေ့မှာ ဒီဂျာနယ် ကို တရားစွဲတာ မန္တလေး တိုင်း ဒေသကြီး တရားလွှတ်တော် လက်ခံတယ်၊ ဘယ်နေ့ ရုံးချိန်း ဆိုတာ ကိုတော့ ဟိုဘက်ကို အကြောင်းကြားပြီး တရားရုံး က ပြန်ညှိမယ် ထင်တယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ အမှုနှင့် ပတ်သတ်၍ တရားစွဲဆို ခံထားရသော The Messenger ဂျာနယ် နှင့် ပြည်မြန်မာ ဂျာနယ် တို့ကို The Voice Weekly က ဆက်သွယ် မေးမြန်းရာ ယင်းအမှုကို ဆက်လက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်း သည် အဆိုပါ အပတ်စဉ် ထုတ် သတင်းဂျာနယ် နှစ်စောင်ကို တရားရုံး ဆုံးဖြတ်ချက် မချခင် အပြစ် ရှိသည်ဟု ရေးသား ထားခြင်းကြောင့် တရာရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေ ပုဒ်မ (၃) အရ တရား စွဲဆို ထားခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်း က ဆိုသည်။

Myanmar
Express
Time in Rangoon

0 comments:
Post a Comment