နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး
၊ ထားဝယ် ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး ၁၅၀ခန့် တင်ဆောင်လာသော ကွန်တိန်နာ
သင်္ဘောတစ်စီး ၀င်ရောက်လာခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။ ယင်းသင်္ဘောပေါ်တွင်
ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာစကားပြောတတ်သူ သုံးဦးခန့်သာ ပါဝင်ကြောင်းသိရသည်။
၎င်းတို့သင်္ဘော အနေဖြင့် မလေးရှားနိုင်ငံ သို့သွားစဉ် မြန်မာရေပိုင်နက် အတွင်းလမ်းမှား
ဝင်ရောက်လာခြင်း ဖြစ်ကြောင်းပြောခဲ့သည် ဟုသိရသည်။ တပ်မတော်(ရေ) မှအဆိုပါသင်္ဘော ကိုရိက္ခာများ
ဖြည့်တင်းပေး၍ မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ ထပ်မံဝင်ရောက်ခြင်းမပြုရန် သတိပေးကာ
နိုင်ငံတကာ ရေပိုင်နက်အတွင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရအဖွဲ့မှာ တာဝန်ရှိသူတစ်ဦးက
နိုဝင်ဘာ ၈ရက်နေ့တွင်ပြောသည်။ ထို့ပြင် နိုဝင်ဘာလ ၄ရက်နေ့ကလည်း ဘင်္ဂလီလူမျိုး ၇၉ ဦးလိုက်ပါလာသော
စက်လှေတစ်စီးသည် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့သည့်အတွက် တပ်မတော်(ရေ) မှနိုင်ငံတကာ
ရေပိုင်နက်သို့ ပြန်လည်ပို့ဆောင်ပေး ခဲ့ ရကြောင်း သိရသည်။
Myanmar Express
Myanmar Express
0 comments:
Post a Comment