အမေရိကန် သမ္မတအဖြစ် ဘာရတ်အိုဘားမားပင် ရွေးကောက်ပွဲ
အောင်မြင်မှု ဆက်လက် ရရှိခဲ့သည့် တိုင်ဟီလာရီ၏ မူလအစီအစဉ်
ပြောင်းလဲဖွယ် မရှိဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး
ဗစ်တိုးရီးယား နူလန်က ပြောဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ် ရှိနေဆဲဟု အမေရိကန် အစိုးရ တာဝန်ရှိသူ
တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ အမေရိကန်၏ နိုင်ငံတကာ ရေးရာ ကဏ္ဍများတွင် အဓိက
အကြီးအကဲအဖြစ် ဦးဆောင်နေသော ဟီလာရီသည် ရွေးကောက်ပွဲ မတိုင်မီ ကာလကတည်းက
လက်ရှိရာထူးကို စွန့်ခွာရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
လက်ရှိတွင် အမေရိကန် သမ္မတအဖြစ် ဘာရတ်အိုဘားမားပင် ရွေးကောက်ပွဲ အောင်မြင်မှု ဆက်လက်
ရရှိခဲ့သည့်တိုင် ဟီလာရီ၏ မူလအစီအစဉ် ပြောင်းလဲဖွယ် မရှိဟု နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်က ပြောဆိုခဲ့သည်။
0 comments:
Post a Comment