Tuesday, November 13, 2012

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်ပြီး အလှူငွေများလက်ခံ

Posted by drmyochit Tuesday, November 13, 2012, under | No comments


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မ တဒေါက်တာစိုင်းမောက်ခမ်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသာအေး ဒုတိယ၀န်ကြီးများနှင့်အတူ ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့သို့ေ ရာက်ရှိပြီး ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသော ဧရာဝတီတံတား (ရတနာသိင်္ဃ) ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ငလျင်ဘေးဒဏ်သင့် ၀န်ထမ်း လူနာများ အပါအ၀င် ဆေးရုံတက်လူနာများ လုပ်သားများအားကြည့်ရှု၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မသည် ရွှေဘုံရတနာမင်္ဂလာနန်းတော် ဧည့်ခန်းမဆောင်၌ ကျင်းပသည့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။ အမှာစကား ပြောကြားရာတွင် ငလျင်ဘေးဒဏ်သင့် ဒေသခံပြည်သူများနှင့် ဆေးဝါးကုသမှု ခံယူလျက်ရှိသော လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားရန်နှင့် အမှန်တကယ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်များသည် မြန်မာနိုင်ငံတွင် သာမကကမ္ဘာ့နိုင်ငံ အများအပြား၌ပင် တစ်မျိုးပြီးတစ်မျိုး ဖြစ်ပွားလျက်ရှိပါကြောင်း၊ ထိုသို့သော သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားရခြင်းမှာ သဘာဝအလျောက် ဖြစ်ပွားမှုများ ရှိသကဲ့သို့ လူသားတို့၏ ပယောဂကြောင့်လည်း ဖြစ်ပွားတတ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ကြရာတွင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသစ်တောများကို ထိခိုက်ပျက်စီဲး မှုမရှိအောင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက် သင့်ပါကြောင်း၊ ယခုကဲ့သို့ သဘာဝဘေး အန္တရာယ် ကျရောက်ပြီးချိန်နှင့် ကျရောက်နေချိန် များတွင် နို်င်ငံတော် အစိုးရ၊ စေတနာရှင်၊ ဒေသအာဏာပိုင်နှင့် ပြည်သူအားလုံးက တက်ညီလက်ညီ လက်တွဲပူးပေါင်းဆောင်ရွက် သင့်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားသည်။

ယင်းနောက် စေတနာရှင်အလှူရှင်များက ငလျင်ဘေးဒဏ်ခံရသည့် ပြည်သူများအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ ဒုတိယသမ္မတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်တို့က လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်သန်းက ရွှေဘိုမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ကိုလည်းကောင်း၊ မြို့မိမြို့ဖ ဦးတိုက်ကြီးမောင်က ငလျင်ဘေးဒဏ်ခံရသော ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း ကိုလည်းကောင်း ပြန်လည် ပြောကြားကြသည်။ ယနေ့ လှူဒါန်းပွဲ အခမ်းအနားတွင် စေတနာရှင် ပြည်သူများက ငလျင်ဘေးဒဏ်သင့် ပြည်သူများတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ စုစုပေါင်းအလှူငွေ အမေရိကန် ဒေါ်လာတစ်သိန်း၊ မြန်မာကျပ်ငွေ (၇၅၁) သိန်းနှင့် ဆန်အိတ် (၅) အိတ် လက်ခံရရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ရွှေဘိုမြို့မှ ရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာထွက်ခွာလာကြရာညနေ (၃) နာရီခွဲတွင် မန္တလေးမြို့သို့ ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအတွင်း လှုပ်ခတ်သွားသော သဘာဝငလျင်ဘေးဒဏ်ခံရသည့် ပြည်သူများအတွက် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်က မန္တလေးတိုင်းဒေသကြီး အတွင်းငလျင် လှုပ်ခတ်မှုကြောင့် သာသနိကအဆောက်အအုံများ၊ လူုနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့မှုနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စေတနာအလှူရှင်များက ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေများကို ပေးအပ်ကြရာ ဒုတိယသမ္မတ၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယ၀န်ကြီးများက လက်ခံရယူကြသည်။ ယနေ့ကျင်းပသည့် လှူဒါန်းပွဲအခမ်းအနားတွင် စေတနာရှင်ပြည်သူများက မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေများကို ပေးအပ်လှူဒါန်ကြရာ စုစုပေါင်းအလှူငွေ အမေရိကန်ဒေါ်လာတစ်သိန်း၊ မြန်မာငွေကျပ် (၂၆၀၁.၅) သိန်းလက်ခံရရှိကြောင်းသိရှိရသည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်