Tuesday, November 13, 2012

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်သောင်းကျော် တာဝန်ထမ်းဆောင်

Posted by drmyochit Tuesday, November 13, 2012, under | No comments


ကမ္ဘေားဒီးယားနိုင်ငံ ဖနွမ်းပင် မြို့၌ ကျင်းပမည့် ၂၁ ကြိမ် မြောက် အာဆီယံ ထိပ်သီး ဆွေး နွေးပွဲသို့ တက်ရောက်လာမည့် နိုင်ငံခေါင်းဆောင် များ၏ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ဝဝဝဝ ထက်မနည်း ချထားမည့်ဟု ကမ္ဘောဒီးယားရဲ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကတ်ချန်သရစ်က နိုဝင်ဘာလ ၁၁ ရက်က ထုတ်ဖော်ပြော ဆိုခဲ့သည်။
ထိပ်သီးအစည်းအဝေး မတိုင် မီ လပေါင်းများစွာ ကတည်းကရဲ စစ်ရဲနဲ့ ကိုယ်ရံတော် ၁ဝဝဝဝ ကျော်ကို လေ့ကျင့်ပေးထား ပါတယ်။နိုင်ငံခြားကိုယ်စားလှယ် အဖွဲ့တွေရဲ့ လုံခြုံရေးအတွက် နောက်တစ်ပတ် ကျရင် ဖနွမ်းပင်မှာ တာဝန်ထမ်းဆောင် စေတော့မှာပါ'' ဟု ၄င်းက ဆင်ဟွာသို့ ပြော သည်။
အဆိုပါ လုံခြုံရေး တပ်ဖွဲ့ဝင် များအရ ဖနွမ်းပင်မြို့၏ လေဆိပ်၊ ငြိမ်းချမ်းရေး နန်းတော်၊ လမ်းများ၊ ဟိုတယ်များနှင့် တည်းခိုခန်းများ တွင် နေရာချထား၍ ညဘက်များ တွင်ပါ တာဝန်ထမ်းဆောင်စေမည် ဖြစ်ပြီး ကင်းလှည့်ခြင်းနှင့် ခရီးသွားများ အကြား လက်နက်နှင့် ဖောက်ခွဲရေး ပစ္စည်းများ ရှာဖွေခြင်း တို့အရ ပြုလုပ်သွားမည်ဟု သိရ သည်။ နိုဝင်ဘာလ ၁၈ ရက်မှ ၂ဝ ရက်အထိ ကျင်းပမည် ၂၁ ကြိမ် မြောက် အာဆီယံ ထိပ်သီး ဆွေး နွေးပွဲအား ကမ္ဘော့ဒီးယားနိုင်ငံ မြို့ တော် ဖနွမ်ပင်ရှိ ငြိမ်းချမ်းရေးနန်း တော်တွင် လက်ခံကျင်းပသွားမည် ဖြစ်ပြီး အာဆီ ယံခေါင်းဆောင် များအဖြစ် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ တရုတ်ဝန်ကြီး ချုပ်ဝန်ကျားပေါင်၊ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်၊ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ၊ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ သြစတေးလျဝန်ကြီးချုပ် ဂျူလီယာ ဂီးလတ်နှင့် နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးတို့ တက်ရောက်မည် ဖြစ်ရာ ယခုကဲ့သို့ လုံခြုံရေးကို တင်းကြပ် စွာလုပ်ဆောင်နေရခြင်းဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အာဆီယံအဖွဲ့ ၏ ပထမအကြိမ် ထိပ်သီးဆွေးနွေး ပွဲအား ၁၉၇၆ ခုနှစ်တွင် အင်ဒိုနီး ရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်