Tuesday, November 13, 2012

ပြည်တွင်း၌ ဖြစ်ပေါ်လျက် ရှိသည့် ရခိုင် အရေးကိစ္စများနှင့် ပတ်သက်၍ သံရုံးများ ပူးပေါင်းကာ ကြေညာချက် ထုတ်ပြန်

Posted by drmyochit Tuesday, November 13, 2012, under | No comments


 မြန်မာပြည်တွင်းမှာ ဖြစ်ပေါ် လျက်ရှိတဲ့ ရခိုင် အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်တွင်းရှိ နိုင်ငံခြား သံရုံး ၉ ခုမှ ပူးပေါင်းကာ ကြေညာချက် ထုတ်ပြန်ပေး ထားတယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်း ကြေညာချက် ထုတ်ပြန်ပေး ထားတဲ့ သံရုံးတွေ ကတော့ သြစတြေးလျ သံရုံး၊ အီဂျစ် သံရုံး၊ ပြင်သစ် သံရုံး၊ ဂျာမနီ သံရုံး၊ ဂျပန်သံရုံး၊ ဆော်ဒီအာရေဗျ သံရုံး၊ တူရကီ သံရုံး၊ အင်္ဂလန် သံရုံးနဲ့ အမေရိကန် သံရုံးတို့က ထုတ်ပြန်ပေး ထားတာ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်ပြန် ရာမှာ အဆိုပါ အရေးကိစ္စတွေ အလျင်အမြန် ရပ်တန့်ဖို့အတွက် အဆိုပါ သံရုံးတွေက သက်ဆိုင်သူ အားလုံးကို တိုက်တွန်း ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရမှ ရခိုင် အရေး အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စုံစမ်း စစ်ဆေးနေမှုများ ပြုလုပ်မှုကိုလည်း အားပေးပြီး အဆိုပါ အထူး စုံစမ်းရေး ကော်မရှင် အဖွဲ့ကို ထဲထဲဝင်ဝင်နဲ့ ပွင့်လင်း မြင်သာမှုရှိအောင် ဆောင်ရွက် နိုင်ဖို့အတွက် မြန်မာ အစိုးရ ကိုလည်း တိုက်တွန်း ထားတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ သံရုံးများမှ အစိုးရထံ ရခိုင်ဒေသခံ ပြည်သူများကို အကူအညီ ပေးနိုင်ဖို့ လူသားချင်း ဆိုင်ရာ စာနာမှု အထောက်အပံ့များ အချိန်မီ ရောက်ရှိအောင် ဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ကိုလည်း တိုက်တွန်း ထားတယ်လို့ သိရပါတယ်။ အဲ့ဒီလို လုပ်ဆောင်မှုတွေ အတွက်လည်း သံရုံးများ အားလုံးမှ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့အတူ ရခိုင်ဒေသ ရေရှည် ဖွံ့ဖြိုး တိုးတက်မှု အတွက် လူသားချင်း စာနာမှု အထောက်အပံ့ တွေကို အတူတကွ ပူးပေါင်း ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်မှု အရ သိရပါတယ်။ 

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်