တရုတ်နိုင်ငံတွင် လူနေထိုင်ခြင်း မရှိသည့်
အိမ်တစ်လုံးအတွင်းမှ ကမ္ဘာ့ဈေးအကြီးဆုံး ဝိုင်အမျိုး အစားများတွင် ပါဝင်သော
ဝိုင်ပုလင်း ၁ဝဝဝဝ ကို ရဲတပ်ဖွဲ့ကရှာဖွေ သိမ်းဆည်းရမိကြောင်း နိုဝင်ဘာ ၉ ရက်
ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
အကယ်၍သာ (CHATEAU LAFITE
ROTHSCHILD)တံဆိပ်ပါ ဝိုင်ပုလင်းများသည် အစစ်အမှန် သာဖြစ်ခဲ့လျှင် ကာလတန်ဖိုး
အမေရိကန်ဒေါ်လာ ၁၆ သန်းရှိမည်ဖြစ်သော်လည်း ရဲတပ်ဖွဲ့က ယင်းတို့ကို
အတုများဟုယုံကြည်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်လာခြင်း နှင့်အတူ အဆိုပါဝိုင်
အမျိုးအစားမှာလည်း တရုတ်နိုင်ငံအတွင်း၌ အထူးကျော်ကြားသည်။ နှစ်စဉ် ယင်းဝိုင်ပုလင်း
၅ဝဝဝဝ ပြည်ပမှတင်းသွင်းရသည်။ အဆိုပါအိမ်သည် စီးပွားရေးအရ အချက်အချာကျသည့် ရှန်ဟိုင်းမြို့၏တောင်ဘက်
ဝမ်ကျိုးမြို့ အရှေ့ပိုင်း၌ရှိပြီး လုံခြုံရေးတင်းကြပ်စွာ ချထားသည့်အပြင်
ခွေးများပါ မွေးထားသည်ဟု ဆိုသည်။ အိမ်ပိုင်ရှင်ကမူ ၄င်းတို့
နေထိုင်ခြင်းမရှိသည်မှာ ကိုးနှစ်မျှရှိပြီဖြစ်ကြောင်း ဤကိစ္စတွင်
၎င်းပါဝင်ပတ်သက်ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
Time in Rangoon


0 comments:
Post a Comment