Tuesday, November 13, 2012

ပြည်တွင်းရေကြောင်းလိုင်များ၌ ကမ္ဘာလှည့်ခရီးသည်စီးနင်းမှုများလာ

Posted by drmyochit Tuesday, November 13, 2012, under | No comments


 ပြည်တွင်း ပြေးဆွဲနေသော ရေကြောင်းလိုင်းများ၌ ကမ္ဘာ့လှည့် ခရီးသွားများအနေဖြင့် စိတ်ဝင်စားစွာ လေ့လာစီးနင်းမှု များပြားလာကြောင်း ပြည်တွင်းရေကြောင်းလိုင်းက သိရှိရသည်။
ပြည်တွင်းရေကြောင်း လိုင်းများရှိရာ ပန်းဆိုးတန်း-ဒလ၊ ရန်ကုန်-တွံတေး၊ ရန်ကုန်-ပုသိမ်၊ ရေကြောင်း လိုင်းများတွင် ကမ္ဘာလှည့်ခရီးသည်များ စီးနှင်းလိုက်ပါမူသည် ၂၀၁၂ခုနှစ်တွင် ၂၀၁၁ခုနှစ်ထက် (၂) ဆခန့်မြင့်တက် ခဲ့ကြောင်း သိရှိရသည်။
"အရင်နှစ်ကဆိုရင် တစ်နှစ်လုံးကို ငါးဆယ် တစ်ရာလောက်ပဲ စီးကျတယ်။ ဒီနှစ်ကတော့ တစ်ရာငါး ဆယ်၊ နှစ်ရာ၊ နှစ်ရာ့ငါး ဆယ်လောက်   စီးနင်း လာကျတာကိုတွေ့ရတယ်။ သူတို့ထဲမှာ အာရှတိုက်နိုင်ငံ သား တွေထက်စာရင် ဥရောပနိုင်ငံသားတွေ များတယ်။"ဟု  ပြည်တွင်းရေကြောင်းလိုင်း၊ မြစ်ဝကျွန်း ပေါ်ဌာနခွဲမှ လက်ထောက်မန်နေဂျာ ဦးဇော်သက်အောင်က ပြောသည်။
ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ရေယာဉ်များကို စင်းလုံးငှားရမ်းစီးနှင်း လေ့လာမူများလဲရှိပြီး ၄င်းတို့ သည် မြန်မာနိုင်မှ စစ်လျော်ကြေး ရထားအနေဖြင့် ရရှိထားသော   သဘောင်္များကို စိတ်ဝင်စားစွာစီးလုံး ငှားရမ်းမူများ ရှိလာကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။   
ရန်ကုန်မြစ်တွင်း အပျော်စီးသက်သက် သင်္ဘောစင်းလုံး ငှားရမ်းခြင်းသည် မြို့တွင်းပိုင်း၌ သဘောင်္ အကြီးအသေး ပေါ်မူတည်၍ တစ်ရက်လျှင် ကျပ် (၅၉၀၀၀) မှ (၁၂၀၀၀၀)ရှိကြောင်း၊ ရန်ကုန်-ပုသိမ် သင်္ဘောစင်းလုံးဌားရမ်းခမှာ နေ့ချင်းပြန်လျှင် ငွေကျပ် သိန်းနှစ်ဆယ်ဝန်းကျင့်ဖြင့် ဌားရမ်းပေးကြောင်း သိရှိရသည်။
စင်းလုံးငှားရမ်းခတွင် ဆီဖိုးမပါရှိကြောင်းနှင့် ဆီတစ်ဂါလံလျှင် ကျပ် ၃၇၀၀ နှုန်းဖြင့် ထွက်ချက်နိုင်ကြောင်းကိုလည်း သိရသည်။ ခရီးသည်တင် သဘောင်္များဖြင့် ရန်ကုန်-ပုသိမ် သဘောင်္စီးနင်းခမှာ ကမ္ဘာလှည့်ခရီးသည် တစ်ဦးလျှင် ရိုးရိုးတန်းတွင် (၈)ဒေါ်လာ၊ အထက်တန်း(အိပ်ခန်းပါ)တွင် ဒေါ်လာ(၄၀)ဖြစ်ပြီး စီးနှင်းမူ အများဆုံးမှာ ပန်းဆိုးတန်း-ဒလ သင်္ဘောဖြစ်ကာ စီးနင်းခမှာ တစ်ဦးလျှင် (၁)ဒေါ်လာဖြစ်ကာ ဦးခန်းမှာ (၂)ဒေါ်လာ ဖြစ်ကြောင်း သိရှိရသည်။ 
လက်ရှိတွင် ပန်းဆိုးတန်း-ဒလသင်္ဘောမှာ တနေ့လျှင်(၄၆)ခေါက် ပြေးဆွဲပေးလျှက်ရှိကာ ရန်ကုန်-ပုသိမ်သင်္ဘောမှာ တစ်ပတ်လျှင် (၄)ခေါက် ပြေးဆွဲပေး လျှက်ရှိပြီး မြန်မာ့ပြည်တွင်း ရေကြောင်းလိုင်း အနေဖြင့် ကူးတို့လိုင်း(၅)လိုင်း၊ ခရီးသည် ကုန်တင်လိုင်း(၁၂)လိုင်း စုစုပေါင်း (၁၇)လိုင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲပေးလျှက်ရှိကြောင်း သိရှိရသည်။
"ကျွန်တော်တို့ သွားလာနေတာ အမြဲတမ်းပဲ ဒါပေမယ့် ဒီနှစ်က နိုင်ငံခြားသားတွေ အများကြီးတွေ့ရ တယ်။ ဘာလို့လဲတော့မသိဘူး။ သဘောင်္စီးတာတို့ ရထားစီးတွေမှာလဲတွေ့ရတယ်"ဟု ပုသိမ်မှ ရန်ကုန်၊ အင်းစိန်တွင် လာရောက်အလုပ်လုပ်ကိုင်နေသူ ဦးတင်ရွှေက ပြောသည်။
ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များ ၀င်ရောက်များပြားလာခြင်းမှာ  မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်မှုကာလ ၊ နိုင်ငံရေးအပြောင်းအလဲများကြောင့် နိုင်ငံခြားခရီးသည်များ မြန်မာနိုင်ငံ အပေါ်စိတ်ဝင်စားမှုများကာ လာရောက်လည်ပတ် ခြင်းဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်