ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက်
(၃/၂၀၁၂)
၂၀၁၂
ခုနှစ်၊နိုဝင်ဘာလ ၁၂ ရက်
၁၃၇၄ခု၊
သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်
အင်အားပြင်း ငလျင်ဒဏ် ခံရသည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်
ထူထောင်ရေး လုပ်ငန်းများ ကြိုပမ်း ဆောင်ရွက်မှု အခြေအနေ အသိပေး ကြေညာခြင်း
၁။ ၂၀၁၂ ခုနှစ်၊
နိုဝင်ဘာ (၁၁) ရက်နေ့၊ နံနက် (၀၇)နာရီ (၄၂)မိနစ် (၃၇)စက္ကန့် တွင် လှုပ်ခတ်ခဲ့သည့်
အင်းအားပြင်း မြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း
ဒေသကြီးတို့မှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊
စဥ့်ကူး၊ကျောက်ဆည်နှင့် သပိတ်ကျင်း မြို့နယ် တို့တွင် စေတီပုထိုးများ၊ သာသနိက
အဆောက်အအုံများ၊ လူနေအိမ်ခြေ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ရုံး
အဆောက်အအုံများနှင့် တည်ဆောက်ရေး လုပ်ငန်းများ ပျက်စီးခြင်း၊ ပြည်သူအချို့
ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းများ ဖြစ်ပေါ် ခဲ့ပါသည်။
၂။ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက်
နိုင်ငံတော်သမ္မတ အနေဖြင့် အဆိုပါငလျင်ဒဏ် ခံရသည့်ဒေသများသို့ ကိုယ်တိုင်
သွားရောက်ရန် အခြေအနေမပေးသည့်အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
ဦးဆောင်သည့်အဖွဲ့အား ချက်ချင်းစေလွှတ်၍ ကယ်ဆယ်ရေး ၊ထောက်ပံ့ရေးနှင့် ပြန်လည်
ထူထောင်ရေး လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက် နိုင်ရန်နှင့် ဒေသခံပြည်သူများအား
ကူညီအားပေးနိုင်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။
၃။
နိုင်ငံတော်သမ္မတ အနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးပျက်စီး
ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည့် မိဘ ပြည်သူများနှင့် ထပ်တူထပ်မျှ
ဝမ်းနည်းကြေကွဲ ရပါကြောင်း ဖော်ပြအပ်ပါသည်။ ငလျင်လှုပ်ခတ်မည့် အခြေအနေကို
ကြိုတင်တွက်ဆနိုင်ခြင်း မရှိသော်လည်း ငလျင်လှုပ်ခတ်မှုဖြစ်စဉ်၌ ဘေးဒုက္ခခံစား ခဲ့ရသူများအား
အရေးအပေါ် အချိန်တွင် ချက်ချင်းအကူအညီပေးရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ
ဆောင်ရွက်ပေးကြသော ဒေသခံ ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ ပြည်ထောင်စု
အစိုးရအဖွဲ့ အနေဖြင့်လည်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို
အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၎။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့သည် လူထုလူတန်းစား အဖွဲ့အစည်း
အားလုံးနှင့် လည်းကောင်း ၊နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်လည်းကောင်း
ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။
Myanmar
Express
Time in Rangoon


0 comments:
Post a Comment