မြန်မာနိုင်ငံတွင်
ဆူဇူကီးမော်တော်ယာဉ်များ ပြန်လည်ထုတ်လုပ်နိုင်ရေးအတွက် Suzuki Motor Corp က မြန်မာ
အစိုးရကို တောင်းဆိုထားကြောင်း ယင်းကုမ္ပဏီ ဥက္ကဋ္ဌကို ကိုးကား၍ Reuters သတင်းတွင် ဖော်ပြထားသည်။
ယာဉ်ထုတ်လုပ်ရေး စက်ရုံသစ်ပြန်လည်ဆောက်လုပ်ရန် သုံးနှစ်မှ ငါးနှစ်အထိကြာမြင့်နိုင်ပြီး လာမည့် ၂၀၁၃ ခုနှစ် မတ်လအတွင် ယင်းအဆိုပြုချက်ကို မြန်မာအစိုးရထံမှ သဘောတူညီချက်ရမည်ဟု မျှော်လင့်ထားကြောင်း ဥက္ကဋ္ဌက ဆိုသည်။ ဂျပန် နံပါတ်လေး ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သော ဆူဇူကီးသည် ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ယာဉ်ထုတ်လုပ်ခဲ့ ဖူးသော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ရပ်နားခဲ့သည်။
Myanmar Express

Time in Rangoon

0 comments:
Post a Comment