Tuesday, December 25, 2012

လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို စုံစမ်း

Posted by drmyochit Tuesday, December 25, 2012, under | No comments


အဲပုဂံလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းရေးကော်မတီကို ချက်ချင်း ဖွဲ့စည်းကာ စစ်ဆေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

စုံစမ်းရေးကော် မတီတွင် မြန်မာ့လေကြောင်းမှ လေယာဉ်မှူးတစ်ဦးနှင့် အင်ဂျင်နီယာတစ်ဦး၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာတစ်ဦးနှင့် အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်မှူး တစ်ဦးလည်း ပါဝင်ပြီး စုစုပေါင်း အဖွဲ့ဝင်ငါးဦးဖြင့် ဟဲဟိုးလေဆိပ်တွင် ကွင်းဆင်းစုံစမ်းစစ်ဆေးနေကြောင်း သိရှိရ သည်။

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်