Tuesday, December 25, 2012

အသက် (၁၄)နှစ် အရွယ် ရခိုင်/မရမာ လုံမငယ် မုဒိမ်းကျင့် သတ်ဖြတ်ခံရ

Posted by drmyochit Tuesday, December 25, 2012, under | No comments



ပြီးခဲ့သော ဒီဇင်ဘာလ (၂၁)ရက်နေ့က စစ်တကောင်းတောင်တန်းဒေသနေ ရခိုင်စကားပြော မရမာ တိုင်းရင်း သူ မိန်းကလေး တစ်ဦးဖြစ်သည့် သောင်း မချေ (Thomaching) မှာ ဘင်္ဂါလီရွာ တစ်ရွာ အနီး တွင် မုဒိမ်းကျင့် သတ်ဖြတ် ခံခဲ့ရသည်။

ကွယ်လွန်သူ ဦးဆူသီးဖြူ(Suithui Prue) ၏ သမီး အသက်(၁၄) နှစ်အရွယ် သောင်းမချေ မှာ ဘင်္ဂါ လာဒေ့ရှ် နိုင်ငံ ရင်္ဂါမတီ ခရိုင်၊ ကာအိုခါလီ မြို့နယ် အတွင်းရှိ ဘာရာဒူဘာပါရာ ကျေးရွာမှဖြစ်ပြီး၊ ကာအို ခါလီ မိန်းကလေး ကျောင်းမှ ရှစ်တန်းကျောင်းသူတစ်ဦးဖြစ်သည်။ 

အခင်းဖြ စ်သည့်နေ့ မွန်းလွဲ သုံးနာရီခွဲခန့်တွင် ရွာအနီး စားကျက်တွင် လွှတ်ထားသော နွားများကို ပြ န်သိမ်း ရန် သောင်းမချေ တစ်ဦးတည်း အိမ်က ထွက်သွားခဲ့သည်။ 

သမီးဖြစ်သူ ပြန်မရောက်ဘဲ ကြာနေသည့်အခါကျမှ မိခင်ဖြစ်သူနှင့် သူမ၏ညီအစ်ကိုမောင်နှမများက လိုက်ရှာ ကြသည် ဟု ဆိုသည်။ နောက်ဆုံးတွင် မိခင်၏ မတ်ဖြစ်သူက သောင်းမချေ၏ အ၀တ် အစားမဲ့ အလောင်းကို နိုင်လာချာရီ (Nailachari) ဘင်္ဂါလီကုလားရွာ နှင့် အလွန်နီးသော နေရာတစ်ခုမှ ချုံဖုတ် များကြားတွင် တွေ့ရသည် ဟု ဆိုသည်။

စုံစမ်းစစ်ဆေး သူများက သောင်းမချေမှာ အသတ်မခံရခင် မုဒိမ်းကျင့်ခံရခဲ့သည် ဟု ယူဆကြသည်။ အလောင်း ကို ရင်္ဂါမ တီမြို့ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးရန် အတွက် သယ်ဆောင် သွားခဲ့သည်။ 

သောင်းမချေ၏ ဦးလေးဖြစ်သူ ချိုင်သောင်းဝေဖြူ (Chaithowai Prue) က တရားလိုလုပ်ကာ ကာအိုခါလီ ရဲစခန်း တွင် အမှုဖွင့်ထားသည်။ ပုလိပ်ဘက်မှ တရားခံတစ်စုံတစ်ယောက်ကို မှ သိ ရှိဖမ်းဆီးရမိခြင်း မရှိသေး ပေ။

ဘာရာဒူလူကျေးရွာ နှင့် အနီးတစ်ဝိုက်မှာ ယခင်က ရခိုင် အနွယ်ဝင် မရမာ တိုင်းရင်းသားများသာ နေထိုင် ခဲ့ ကြသော်လည်း၊ ၁၉၈၀-ပြည့်လွန်နှစ် များမှစ၍ ဘင်္ဂါလီ အခြေစိုက်သူ များရောက်လာကာ မရမာ များကို မိမိတို့ပိုင်မြေများ ထဲကနေ မောင်းထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ မောင်းထုတ်မြေယာလုယူမှုမှာ ယနေ့ ထက်တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။ 

လွန်ခဲ့သော တစ်လခန့်က မရမာတောင်သူများ၏ ဂျင်းစိုက် ခင်းများကို ဘင်္ဂါလီ အခြေချသူများက လာေ ရာက် ဖျက်ဆီးခဲ့ကြရာ၊ မရမာများက ချက်ချင်းပြန် စိုက်ပျိုးပြီး စိုက်ခင်း ဖျက်ဆီးခံရမှုကို အမှုဖွင့်ထားသည်။ ယင်းအမှုတွင်လည်း အပြစ်ကျူး လွန်သူများမှာ အရေးယူခြင်း မခံရသေးဘဲ ရှိနေသေးသည် ဟု ဆိုသည်။ 

လူဦးရေ မတန်တဆပွားများနေသော ဘင်္ဂါလီတို့၏ နယ်မြေချဲထွင်မှု နည်းဗျူဟာများ ထဲမှ တချို့မှာ အနီး အ နားကျေးရွာ များကို မကြာခ ဏဖျက်ဆီးခြင်း၊ ယင်းကျေးရွာများမှ အမျိုးသမီးများအား မုဒိမ်း ကျင့်သတ်ဖြတ်ခြင်း တို့ဖြစ်သည်။ 

ယင်းဖြစ်စဉ်များကို မြန်မာနိုင်ငံ ဘူးသီးတောင် မောင်တော ဒေသမှ ဒေသခံ ဌာနေတိုင်းရင်းသားများ နှစ်ပေါင်း ရာချီခံနေခဲ့ရပြီးနောက် ၂၀၁၂-ခုနှစ် မေလထဲတွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အနီးတွင် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရာမှ မငြိမ်မသက်မှုများဖြစ်ခဲ့ရာ၊ တချို့သော မြန်မာခေါင်းဆောင် အချို့က ယင်းအရေးမှာ ဘာမှမဟုတ်သည့် မုဒိမ်းကျင့် လူသတ်မှုတစ်ခုကို အကြောင်းပြုပြီး ဖြစ်ပွားသည်ဟု ပြောကြ သည်ကို ရခိုင်ဒေသခံ အတော်များများက စိတ်ပျက်မိကြောင်းကို Coral Arakan အား ပြောကြားသည်။


(ဥတုခင်စိုင်း က Coral Arakan အတွက် ရေးသားသည်။)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်