Tuesday, December 25, 2012

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် အရှုံးပေါ်ခြင်းကြောင့် မီတာခများကို နိုင်ငံတကာနှုန်းထားအတိုင်း ကောက်ခံရန်စဉ်းစားနေဟုဆို

Posted by drmyochit Tuesday, December 25, 2012, under | No comments

နောက်ထပ် နိုင်ငံတကာစံနှုန်း တစ်ခု 
---------------------------------------------------------------------------------- 
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အရှုံးပေါ်နေခြင်းကြောင့် လျှပ်စစ် ဓာတ်အား ကောက်ခံမှုနှုန်းထားများကို နိုင်ငံတကာအတိုင်း ကောက်ခံရန် စဉ်းစားလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဦးစီးဌာနညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဒေါ်အေးအေးမွန်က ပြောသည်။ 

''မြန်မာနိုင်ငံကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး၊ ဓာတ်အားပေးမှုကိုလည်း ပြည်တွင်း၊ ပြ ည်ပ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထား တယ်။ နိုင်ငံတကာ စံနှုန်း နဲ့လည်း Level ဖြစ်အောင် သာမန်လူတန်းစား၊ အခြေခံ လူတန်းစားတွေလည်း မထိခိုက်အောင် လုပ်ငန်းအခြေအနေတွေပေါ် မူတည်ပြီး ပုဂ္ဂလိ ကပေါ် လစီ ကို ဖြည်းဖြည်းချင်း သွားချင်တယ်'' ဟု ဒေါ်အေး အေးမွန်က ပြောသည်။ 


မြန်မာနိုင်ငံ၏ လက်ရှိ ကောက်ခံမှုနှုန်းသည် အိမ်သုံးမီတာ တစ်ယူနစ် ၃၅ ကျပ် စက်မှုသုံးမီတာ ၇၅ ကျပ် သာ ကောက် ခံလျှက်ရှိပြီးအစိုးရဌာန ဆိုင်ရာ မှန်သမျှမီတာနှုန်းထား ၃၅ ကျပ်သာ ကောက်ခံကြောင်း သိရ သည်။ အလွှာ လိုက် ခွဲခြား ကောက်ခံမှုတွင် အိမ်သုံးမီတာယူနစ် ၂ဝဝ သုံးစွဲပါက ၃၅ ကျပ်၊ ယူနစ် ၂ဝဝ အထက် သုံးစွဲပါက ၅ဝ ကျပ်၊ စက်မှုသုံးမီတာသုံးစွဲ ပါက ယူနစ် ၁ သောင်းလျှင် ၇၅ ကျပ်၊ ယူနစ် ၁ သောင်း ခွဲ သုံးလျှင် ၁ဝဝ ကျပ်နှင့် ယူနစ် ၁ သောင်းခွဲအထက်သုံးစွဲပါက ၁၅ဝကျပ် တောင်းခံရန် စဉ်းစား လျက် ရှိကြောင်း ဒေါ်အေးအေးမွန်က ပြောသည်။ 

''နှုန်းထားတွေကို တက်ဖို့ ပြောတာမဟုတ်ဘူး။ ဒီ Model အတိုင်း ပြောင်းရင်ကောင်းမလား။ နိုင်ငံတကာနဲ့ ယှဉ်ပြီးပြောင်းရင် ကောင်းမလားလို့ စဉ်းစားနေတာပါ''ဟု လျှပ်စစ်စွမ်းအားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင် မောင်ဇော်က ပြောသည်။ 

မြန်မာနိုင်ငံတွင် ဖြန့်ဖြူးပေးနေသော လျှပ်စစ်ဓာတ်အားလိုင်းစက်ရုံ ၂ဝ ရှိပြီး ပုဂ္ဂလိက ဖက်စပ်လုပ် ကိုင်ေ သာ စက်ရုံ ၂ ရုံ ရှိကြောင်း သိရသည်။ လျှပ်စစ်ဓာတ် အားဖြန့် ဖြူးမှုကို အစိုးရက ထောက်ပံ့ေ ပးသော် လည်း လျှပ်စစ် ဓာတ်အား ဝန်ကြီးဌာနမှ ကျပ်ဘီလီယံ ၁၈၅ ဒသမ ၉၅ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်