Tuesday, December 25, 2012

"ဗကသ တရားဝင်ဖြစ်ရေး တက္ကသိုလ် အက် ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲများ ဆောင်ရွက်သွားမည်"

Posted by drmyochit Tuesday, December 25, 2012, under | No comments

ရန်ကုန် ဒီဇင်ဘာ ၂၄ 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ) တရားဝင်ဖြစ်ရေး တက္ကသိုလ် အက် ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲများ ဆောင်ရွက်သွားရန်ရှိကြောင်း ဗကသအဖွဲ့ချုပ် ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ မိုးထက်နေက ပြောသည်။

"အရင် တကသ ခေတ်က တက္ကသိုလ်အက်ဥပဒေအရ ဖြစ်တယ်။အခုက တက္ကသိုလ်အက်ဥပဒေ အရဗကသ တရားဝင်ဖြစ်ဖို့အတွက်တက္ကသိုလ်ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲတွေ လုပ်သွားဖို့ရှိ ပါတယ်။" ဟုမိုးထက်နေ ကပြောသည်။

လက်ရှိ၌မြန်မာနိုင်ငံ တက္ကသိုလ်အက်ဥပဒေသည် ၁၉၂၀ နှင့် ၁၉၇၀ ခုနှစ်က ထုတ်ပြန်ထား ခဲ့သည့်အက် ဥပဒေသာ ရှိပြီး ယင်းနောက်အသစ်ရေးဆွဲထုတ်ပြန်သည့်အက်ဥပဒေ မရှိသေးကြောင်း ထိုအက်ဥပဒေ များနှင့် နိုင်ငံတကာမှ တက္ကသိုလ် အက်ဥပဒေများအားပေါင်းစပ်၍ သင့်လျော်ကောင်းမွန်မည့် တက္ကသိုလ် အက်ဥပဒေ တစ်ရပ်ဒေတစ်ရပ်ပေါ်ထွက်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗကသ ဗဟိုကော် မတီဝင် တစ်ဦးဖြစ်သူ လင်းထက်နိုင်ကပြောသည်။

“ နိုင်ငံတကာကပညာရှင်တွေ ပြည်တွင်းကပညာရှင်တွေ ပါဝင်တဲ့ စာတမ်းဖတ်မှုမျိုးတွေ ပေါ်ပေါက် စာစေချင် တာပါ။ ကျွန်တော်တို့ကလည်းဘယ်လို အက်ဥပဒေမျိုးဟာအကောင်းဆုံးလဲဆိုတာကို စာတမ်းဖတ်ပွဲတွေ ကတစ်ဆင့် လာရမယ်ထင်ပါတယ်။”ဟု ၄င်းကဆိုသည်။

ယခင် စစ်အစိုးရလက်ထက် ချမှတ်ထားသော အရ ကျောင်းသားများသည် လွတ်လပ်စွာ အသင်း အပင်း ဖွဲ့စည်းခွင့် မရရှိခဲ့ဘဲ ဖွဲ့စည်းခဲ့သော ကျောင်းသားများသည်လည်း အသင်းအပင်းဖွဲ့စည်းခွင့် ဥပဒေအရ အရေးယူခြင်းခံခဲ့ရကြောင်း လက်ရှိအစိုးရလက်ထက်၌ ဗကသအား တရားဝင် အသင်း အပင်း ဖွဲ့စည်း ရန် တောင်းဆိုသော်လည်း ကျောင်းသားအဖွဲ့အစည်းသည် ကျောင်း အက်ဥပဒေအရသာ ဆောင်ရွက်နိုင်ခွင့် ရှိစေရန် ပျောက်ဆုံးလျှက်ရှိသော တက္ကသိုလ် အက်ဥပဒေဆိုင်ရာ အသိပညာ တိုးပွားမှု အတွက် ယခုကဲ့သို့ စာတမ်းဖတ်ပွဲများ ပြုလုပ်ရန်စီစဉ်ခြင်းဖြစ်ပြီး မည်ကဲ့သို့ ဆောင်ရွက်မည်ဆိုသည့် အချက်နှင့် ပက်သက်၍ အသေးစိပ် စီစဉ်ဆဲဖြစ်ကြောင်း၊ ကဏ္ဍအလိုက်တာဝန်ယူထားသော ဗကသ အဖွဲ့ဝင် များမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗကသ ဗဟိုကော်မတီ ပညာရေးနှင့် သုတေသန ဆိုင်ရာ တာဝန်ရှိ သူအချို့ကပြောသည်။

ထို့ပြင် လာမည့် တက္ကသိုလ် စာသင်နှစ်အတွင်း ဗကသ အဖွဲ့အစည်းများကို သီးခြားထပ်မံဖွဲ့စည်းသွားရန် အစီ အစဉ်ရှိကြောင်း လက်ရှိ ဗကသအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းခဲ့သော ၁ နှစ်ကျော် ကာလအတွင်း ခရိုင်ပေါင်း ၂၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


ဥာဏ်လင်းအောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်