ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ဥယျာဉ်မြောက်ရပ်ကွက် ကိုအီဖောင်းဆေးဆိုင်(Lucky တည်းခိုခန်း) မှ ကိုယ်စားလှယ်ယူထားသော ဆေးများကို ရောင်းချပေးနေသော ဟင်္သာတမြို့ဆကာရပ် ဗုဒ္ဓဟူးပါတ်တာကြီးတန်းနေ ဒေါ်ကရင်မ၏ သမီး အရောင်းဝန်ထမ်း မလဲ့လဲ့စန်းသည် ၂၁-၁၂-၂၀၁၂ နေ့ ညနေပိုင်း၌ ဘာမီတွန်များ အလွန်အကျွံသောက်ခါ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်သောကြောင့် ပါးစပ်မှ အမြုတ်များထွက်လာခါ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပြီး ကုသသောကြောင့် ယနေ့ မနက်ပိုင်းတွင် သတိပြန်လည်လာပြီ ဟု သတင်းရရှိပါသည်။
သေကြောင်းကြံစည်ရခြင်း၏ အကြောင်းအရင်းကို စုံစမ်းကြည့်သောအခါ ဆေးရောင်းရငွေများ စာရင်းကွာဟမှုကြောင့် ဖြစ်နိုင်သလို၊ နာမည်ကြီးဆေးဆိုင်ပိုင်ရှင်၏ သားနှင့် ထိုမိန်ကလေးမှာ ရည်ငံနေရာ ယောင်္ကျားလေးဘက်မှ သဘောမတူသည့်အတွက် စိတ်ညစ်ပြီး ယခုကဲ့သို့ ပြုလုပ် ရခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများမှ ပြောဆိုနေကြပါ တယ်။
မည်သို့ပင် သတင်းလွှင့်ထားသော်လည်း ဆေးရုံမှ တာဝန်ရှိသူများ မှန်မှန်ကန်ကန် စစ်ဆေးလျှင် အဖြစ်မှန်ပေါ်ပေါက်မှာ ဖြစ်ကြောင်းလည်း မြို့ခံများ က ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။
'ဒီမိုးဝေယံ
Time in Rangoon


0 comments:
Post a Comment