Tuesday, December 25, 2012

ပြည့်တန်ဆာ တရားဝင်ဖြစ်ချင်သည့် အန်အယ်လ်ဒီပါတီမှ ဒေါ်စန္ဒာမင်း

Posted by drmyochit Tuesday, December 25, 2012, under | No comments

ပြည့်တန်ဆာ တရားဝင်ဖြစ်ချင်သည့် အန်အယ်လ်ဒီပါတီက ဒေါ်စန္ဒာမင်း

ခေါင်းစဉ်ကြည့်ပြီး ရိုင်းတယ်လို့တော့ မတွေးနဲ့။ ဒီလို ရိုင်းစိုင်းတဲ့ အတွေးကို တွေးမိတဲ့ အန်အယ်လ်ဒီ ပါတီကြီး က လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ အတွေးက ပိုပြီး ဆိုးရွားပါတယ်။ ဒီလောက် ပြုပြင်ပြောင်း လဲ ရေးတွေ လုပ်စရာလိုနေတဲ့ တိုင်းပြည်မှာ အကျိုးရှိစေမယ့် ကိစ္စတွေများနေပါလျှက် တိုင်းပြည် ကို ဒီလို နည်း လမ်း နဲ့များ တိုးတက်အောင် လုပ်ဖို့ ကြိုးစားတာကို ဘယ်လိုမှ လက်ခံလို့ မရပါ ဘူး။

၈၈ ကျောင်းသားနဲ့ အတူနေခဲ့တဲ့ တည်းခိုခန်း ဖြတ်ပိုင်းတွေ၊ အသုံးမကျတဲ့ လုပ်ဆောင်ချက်တွေကြောင့် ပုဂ္ဂိုလ်ရေး ကိုယ်ကျင့် တရား ညံ့ဖျင်းမှုတွေလည်း ရှိတယ်။တွေ့ကရာ လူကို လွှတ်တော်ကိုယ်စားလှယ် စာရင်းသွင်း၊ ဒေါ်အောင်ဆန်းစုကြည် မျက်နှာပြပြီး လွှတ်တော်ထဲ ရောက်လာတဲ့ အန်အယ်လ်ဒီကိုတော့ တကယ်ကို စိတ်ပျက်စရာပါ။

အရွယ် မပြည့်ခင်မှာ ပြည့်တန်ဆာလုပ်ဖို့ စာရင်းသွင်းခြင်းခံရတဲ့ အိန္ဒိယလို နိုင်ငံမှာတောင် တရားဝင် မဟုတ်။ နိုင်ငံတိုင်း၊ အစိုးရတိုင်း ကိုယ့်တိုင်းသူပြည်သား၏ ကိုယ်ခန္ဒာသွေးသား အရောင်း အ၀ယ်လုပ် တာကို ခွင့်ပြုဖို့ ဒေါင်းအလံကြီးအသုံးချ လုပ်လို့ရမယ်များ ထင်နေသလား။ နောက်တစ်ခါ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ အခါ ဒီမကောင်းတဲ့ မိန်းမတွေကိုများ အသုံးချဖို့ ကြံနေသလား။

ဘုရားရှင် လက်ထက် ကတည်းက ရှိသည်။ တရားဝင် မဟုတ်သည့်အတွက် ဖိနှိပ်ဆက်ဆံ ခံရခြင်း၊ ကျန်းမာရေး အစောင့်အရှောက် အားနည်းခြင်း တို့ကြောင့် တရားဝင် ဖြစ်သင့်သည်ဟု ဆိုသည်။ တကယ်ဆိုပါ က အဆိုပါ အလုပ်ကို လုပ်ကိုင်စားနေသည့် မိန်းကလေးများ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ငွေကြေး များများ ရလိုခြင်းပင်။ ထိုငွေကြေးများ ရရန်အတွက် လူ့အသိုင်းအ၀ိုင်းမှ လက်မခံသော ထိုအလုပ်ကို ရည်ရွယ် ချက်ဖြင့် ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲ ဖြစ်စေ လုပ်ကိုင်မိရာမှ ပြည့်တန်ဆာများ ဖြစ်လာကြသည်။

ဘွဲ့ရ ပညာတတ် ၀န်ထမ်းစာရေး လုပ်လျှင် စုစုပေါင်းဝင်ငွေက တစ်လ ခုနှစ်သောင်း၊ လမ်းဘေး ကွမ်းယာ လိုက်ရောင်း၊ ပန်းရံလုပ်၊ ရေခဲရေ ရောင်းသူ ၀င်ငွေက တစ်နေ့ ၃၀၀၀၊ တစ်လကို ကိုးသောင်းကျော်ရသည်။ ပြည့်တန်ဆာလုပ်လျှင် တစ်ရက် ၂ နာရီ ၀န်းကျင်အတွင်း ၅၀၀၀မှ တစ်သောင်း။ သမီးလေးကြီးလာလို့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ အိုင်တီ ပညာမတတ်လျှင် ပြည့်တန်ဆာလုပ်ပြီး မိဘကို ရှာကျွေးမယ်ဆိုတဲ့ စကားမျိုးတွေ ကြားဖို့ ဖြစ်လာပေမည်။

ပါတီ ဥက္ကဌက သမ္မတလုပ်မည်၊ အာဏာရချင်သည်ဟု ဆိုချိန်တွင် ပါတီလွှတ်တော်အမတ်က ပြည့်တန်ဆာ ကိစ္စပြောသည်။ နိုင်ငံတကာ ဆိုသည့်စကားများ တွင်တွင်သုံးပြီး ဘယ်နိုင်ငံကို ကြည့်ပြောသည် မသိတော့။ အတော့်ကို စိတ်ပျက်စရာကောင်းလွန်းလှသည်။ အဲဒီတော့ ပြည့်တန်ဆာ တရားဝင်ဖြစ်ချင်သည့် ဒေါ်စန္ဒာမင်း တစ်ယောက် ကိုယ်ဘာသာကိုယ်ပဲ…….


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်