Tuesday, December 25, 2012

လိုင်ဇာမြို့နှင့် ၈ မိုင်ခန့် အကွာရှိ KIA တပ်စခန်းများအား လက်နက်ကြီးဖြင့် ပစ်နေပြီ

Posted by drmyochit Tuesday, December 25, 2012, under | No comments

နယူးဒေလီ (မဇ္ဈိမ)။ ။ ကချင်လွတ်လပ်ရေးတပ် KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့နှင့် ၈ မိုင်ခန့် အကွာရှိ KIA တပ်စခန်းများအား အစိုးရတပ်များက တနင်္လာနေ့ ခရစ္စမတ်အကြို ညဦးပိုင်း ၇ နာရီကျော်မှ စတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။မိနစ် ၂၀ ခန့်အတွင်း လက်နက်ကြီး ၈ လုံး ကျလာကြောင်း ကျောင်းသားတပ်မတော် (မြန်မာပြည် မြောက်ပိုင်း) ABSDF (NB) မှ စစ်ရေးတာဝန်ခံ ကိုအောင်ဆွေဦး က ပြောသည်။“ဒီညပဲ ထိုးစစ် စပြီထင်တယ်။

အခု လက်နက်ကြီးပစ်တာ ကြားနေရတယ်။ စောစောက လက်နက်ကြီး ၈ လုံးလောက် ပစ်တယ်။ အခုလောလောဆယ် ၁ လုံးစ ၂ လုံးစ ကွဲနေတုန်းပဲ” ဟု မဇ္ဈိမကို ပြောသည်။ဗန်းမော်နှင့် လိုက်ဇာအကြား မုန်းလွှဲချောင်းရိုးရှိ လဂျားယန်တိုက်ပွဲ ပြီးဆုံးပြီး နောက်ပိုင်း အစိုးရဘက်မှ တပ်အင်အားများ ဖြည့်ဆည်းနေသလို အစိုးရတပ် မြောက်ပိုင်းတိုင်းမှူးကလည်း ချောင်းရိုးတလျှောက်ရှိ KIA တပ်များ ဖယ်ရှားပေးရန် ဒီဇင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် စာပို့ထားသည်။ “ကားအစီးရေ ၅၀ နီးပါး တက်တယ်။ ထပ်ဖြည့်တဲ့ အနေအထားအရ တပ်ရင်း အနည်းဆုံး ၇ ရင်း၊ ၈ ရင်း ရှိတယ်။ တိုင်းမှူး ထွန်းထွန်းနောင် က စာပို့တယ်လေ။ သူတို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးယုဇော်ခေါင် ကတဆင့် သတိပေးအကြောင်းကြားစာ ဆိုပြီးတော့ ကျနော်တို့ တပ်တွေရှိတဲ့နေရာကို ၂၅ ရက်နေ့ အကုန်လုံး ရှင်းပေးပါပေါ့ သူတို့ အုပ်ချုပ်ရေး လုပ်ငန်းရှိတယ်ပေါ့။

အမိန့်စာပုံစံမျိုးနဲ့ ပို့တာပါ။ ဒီနေ့ ဖတ်ရတယ်” ဟု ကိုအောင်ဆွေဦး က ဆိုသည်။သမ္မတ ဦးသိန်းစိန် က တိုင်းပြည်တဝှမ်း ထိုးစစ်များ ဆင်နွဲခြင်းမပြုရန် တပ်မတော်အား ညွှန်ကြား ထားသော် လည်း စစ်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်း ၎င်း က ဆက်ရှင်းပြသည်။ “အစိုးရ စစ်တပ်က စခန်းသိမ်းတိုက်ပွဲတွေ တော်တော်များများ တိုက်လာတယ်။ ထိုးစစ် မဟုတ်ဘူးလို့ ပြောလို့ မရဘူး။ ရိက္ခာပို့တဲ့ စစ်ကြောင်းတွေကို KIA က တိုက်တယ်။

လက်နက်ကြီး ကျည် အများအပြားကို ဆန်တွေနဲ့ ရောသယ်လာတယ်။ ရိက္ခာပို့ သက်သက်မဟုတ်ဘဲနဲ့ စခန်းတွေမှာ ကျည်တွေ၊ လူတွေ ထပ်ဖြည့် တာကတော့ သူတို့ပြောတာနဲ့ ထိုးစစ်မဆင်ဘူးဆိုတာ လွဲမှားနေတာ သေချာတယ်” ဟု ဆိုသည်။ABSDF (NB)သည် အစိုးရ လက်နက်ကြီးများ ကျရောက်သည့်နေရာနှင့် ၁ မိုင်ကျော်အကွာ လဂျားယန် တွင် တပ်စွဲထားပြီး ၎င်း က “နဂိုတည်းက ခုခံစစ်ပဲ၊ ထိုးလာတယ်ဆိုလို့ရှိရင်လည်း ကိုယ့်နေရာမှာ ကိုယ်ေ နပြီးတော့ အသင့်ပြင်ထားတဲ့ သဘောပါပဲ အခု တပ်လှန့်ထားတယ်” ဟု မဇ္စျိမကို ပြောဆိုသွားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်