Friday, January 11, 2013

ကေအိုင်အေ၏ လူသားချင်း ရက်စက်နေမှု အပေါ်တွင် ရပ်ဆိုင်းရေး မြစ်ကြီး နားတွင် ဆန္ဒထုတ်ဖော်မည်

Posted by drmyochit Friday, January 11, 2013, under | No comments

ပြည်သူများ ငြိမ်းချမ်းရေး မည်မျှအထိ လိုလားနေ သည်ကို သက်သေ ထူမည့် ငြိမ်းချမ်းရေး အထိမ်း အမှတ် ကျောက်ခဲ စုပုံခြင်းနှင့် မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတို့ ထိုးစစ်ပြင်း ထန်နေ ခြင်း ကို ကန့်ကွက် ဆန္ဒပြရန် မြစ်ကြီး နားမြို့၌ ဇန်န ဝါရီ ၁၀ ရက်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း အဆိုပါ အစီအစဉ် အား ဆောင်ရွက်သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြား သည်။

ဆန္ဒ ထုတ်ဖော်ခြင်း ကို မြစ်ကြီးနားမြို့ မနော ကွင်းတွင် လူအင်အား တစ်ထောင်ကျော် က ကြွေးကြော် သံများ ဟစ်ကြွေးခြင်း၊ စီတန်းလှည့်လည်ခြင်း များကို ပြုလုပ်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆုတောင်းခြင်း များ ကို ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ဆန္ဒထုတ်ဖော်ခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ ခွင့်ပြု ချက် လျှောက် ထားပြီးဖြစ်ကြောင်း သိရသည်။ “ကျွန်မအနေနဲ့ ဆန္ဒပြပွဲကို ငြိမ်းချမ်းရေးကို လိုလား တဲ့ ပြည် သူ လူထု တစ်ယောက် အနေနဲ့ လုပ်တာပါ။ အဲဒီနေ့မှာ မြစ်ဆိပ်က ကျောက်ခဲတွေကို တစ်ယောက် တစ်လုံး စီ ကောက်ပြီး ငြိမ်းချမ်းရေး အထိမ်းအမှတ် ကျောက်ပုံအဖြစ် ပုံကြမယ်။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး မရမချင်း ငြိမ်းချမ်းရေး လိုလားသူ မည်သူမဆို အဲ့ဒီကျောက်ပုံမှာ သွားပုံနိုင်ပါတယ်။ ပြည်သူလူထုက ငြိမ်းချမ်းရေး ကို ဘယ်လောက်လိုလားလဲဆိုတာ အဲ့ဒီကျောက်ပုံက သက်သေခံပါလိမ့်မယ်” ဟု ဆိုသ ည်။ကေအိုင်အေ၏ ထိုးစစ်ဆင်မှုများ ရုပ်သိမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများ အမြန် ဆုံး ညှိနှိုင်းဆောင် ရွက်ရေး တို့ကို အဓိက တောင်းဆိုသွားမည် ဖြစ်ပြီး အဆိုပါ အချက် များ ကို ကြွေးကြော် သံများဖြစ် လည်းကောင်း၊ ပိုစတာနှင့် ဗီနိုင်းဆိုင်းဘုတ်များ ထောင်၍ လည်းကောင်း စီတန်း လှည့်လည် သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဆန္ဒဖော်ထုတ်ခွင့်နှင့် စီတန်းလှည့်လည်ခွင့်များအတွက် ဇန်နဝါရီလ ၄ ရက်နေ့က သက်ဆိုင် ရာမြို့နယ် ရဲစခန်းတွင် ဥပဒေနှင့်အညီ ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကြောင်း၊ ထိုသို့ ကချင်ပြည်နယ်နေ့ တွင် ဆန္ဒထုတ်ဖော်ခြင်းနှင့် ဟောပြောခြင်းများ ပြုလုပ်ရခြင်းမှာ ယခုနှစ်တွင် ကချင်ပြည် နယ်နေ့ အထိမ်း အမှတ် အခမ်းအနားအား မကျင်းပနိုင်ခြင်းကြောင်းနှင့် တိုက်ပွဲ များ ပြင်းထန်းခြင်းနှင့် ဒေသခံ တိုင်းရင်း သားများ စစ်ပွဲများကြောင့် ဒုက္ခရောက်ရခြင်းအပေါ် ကန့်ကွက် ရန်အတွက် ထိုသို့ ဆန္ဒဖော်ထုတ်ခြင်းနှင့် စီတန်းလှည့် လည်ခြင်း၊ ငြိမ်းချမ်းရေး အထိမ်းအမှတ် ကျောက်ခဲများ စုပုံခြင်း ကို ဆောင် ရွက်ရခြင်းဖြစ်ကြောင်း အဆိုပါဆန္ဒပြပွဲကို ဦးဆောင်သူ ဒေါ်ဒွဲဘူထံမှ သိရှိရပါသည်။

http://www.myanmarexpress.net/2013/01/blog-post_9099.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်