တောင်ကိုရီးယား ပေါ့ဂီတ အကျော်အမော် Rain သည် ရုပ်မြင် သံကြားထိပ်တန်းသရုပ်ဆောင် မင်း သမီးတစ်ဦးနှင့် အချစ် ဇာတ်လမ်းရှိနေကြောင်း သတင်းများပေါ်ထွက်လာပြီး နောက် ဥပဒေအရ စစ်မှု ထမ်း ရမည့် ဝတ္တရားကို မထီမဲ့မြင်ပြုသည် ဆိုကာ အရေးယူခံရမည့်အခြေအနေသို့ ရောက် ရှိနေသည်။ Rain နှင့် မင်းသမီး ကင်မ်တေဟီးတို့၏ ဇာတ်လမ်းကို ဂျပန်နိုင်ငံတွင် ဆက်တိုက်ဖော်ပြခဲ့ကြပြီးနောက် ဇန်န ဝါရီလ ၁ ရက်နေ့က ပေါ်ပင်မဂ္ဂဇင်း တစ်စောင်တွင် ဖော်ပြခြင်းခံ ခဲ့ရာမှ ဖျော်ဖြေရေး ဝက်ဘ် ဆိုက်နှင့် လူမှု ရေးနက်ဝပ်ခ်များပေါ်တွင် တရစပ် ဝေဖန်ရေးသားကြသည်အထိ ဖြစ်သွားသည်။
မဂ္ဂ ဇင်းက အသက် ၃၂ နှစ်ရှိ မင်းသမီး ကင်မ်သည် ခွဲစိပ် ဆရာ ဝန်များ အသုံးပြု သည့် ဦးထုပ်နှင့် မျက်နှာဖုံး ကို ဝတ်ဆင်ပြီး Rain မောင်းနှင်သော ကားအ တွင်းသို့ လှမ်းဝင်နေသည့် ဓာတ်ပုံ များကို ဖော်ပြ ခဲ့သည်။ ယခုအခါ စစ်မှု မထမ်း မနေရ ဟူသော ကိုရီးယား အမျိုးသား များအတွက် ပြဋ္ဌာန်း ထားသော ဥပဒေ အရ Rain သည် နှစ်နှစ် စစ်မှုထမ်း ရာတွင် သက်တမ်း ထက်ဝက်သို့ ရောက် ရှိနေပြီဖြစ် သည်။ သူတို့နှစ် ဦးသည် တစ်ဦး အပေါ် တစ်ဦး စွဲစွဲ လမ်းလမ်းဖြစ်နေ ကြပြီး တစ်လနီးပါးမျှ ကြာအောင် ချိန်းတွေ့နေကြသည်မှာ မှန်ပါသည်ဟု မင်းသမီးကင်မ်၏ အေးဂျင့်ဖြစ်သူက ပြောကြားသည်။
ကချင်နေ့စဉ်သတင်းမှ
Time in Rangoon


0 comments:
Post a Comment