ဇန်န၀ါရီ ၁၁
၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလအတွင်း ဗဟိုဌာနချုပ်၊ လိုင်ဇာဒေသပတ်ဝန်းကျင်မှာရှိတဲ့ KIA စခန်းတွေကို စစ်တပ် မှ လေကြောင်းကနေ တိုက်ခိုက်နေတဲ့ ဗွီဒီယို မှတ်တမ်းတွေကို ရယူပြီး KIA တပ်ဖွဲ့ ၀င်တွေ မပါဘဲ ဒေသခံတွေကို အသုံးချပြီးတော့မှ စစ်တပ်ကနေ ဘုရားရှိခိုးကျောင်းတွေမှာ ၀င်ရောက် ဟန့်တားနေ တဲ့ မဟုတ် မမှန်လုပ်ရပ်တွေ ဖန်တီးပြီး ကချင်မျိုးနွယ်စုတိုင်းရင်းသားများအတွင်း ဘာသာရေး၊ လူမျိုးရေး စစ်ပွဲ အသွင် ဖန်တီးရန်အတွက် အကွက်ကျကျစီစဉ်နေတယ်လို့ သိရှိရပါတယ်။
KIA ရဲ့လုပ်ရပ်တွေကို ဒေသခံပြည်သူတွေအနေနဲ့ သိရှိနေပြီးဖြစ်တာကြောင့် ဗဟိုကော်မတီဝင် အများ စုနှင့် ပြည်ပရောက် ကချင်လူမျိုးစုများ၊ ဘာသာရေးခေါင်းဆောင်များမှ ကန့်ကွက်ခဲ့ကြပြီး အခြား တိုင်းရင်း သားအဖွဲ့ အစည်း အချို့မှလည်း KIA ရဲ့လုပ်ရပ်တွေကို မကြိုက်တဲ့အတွက် အားမပေးတဲ့အနေနဲ့ တားဆီး ကန့်ကွက်မှုတွေ ရှိခဲ့သော်လည်း KIO ဗဟိုကော်မတီဝင်များနဲ့ အရာရှိကြီးအဆင့်ရှိသူများက ၎င်းတို့ရဲ့ လုပ်ရပ်တွေကို လူသိရှင်ကြားဖြစ်မှာ စိုးရိမ်တဲ့အတွက် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၅ ရက်နေ့မှာ ၎င်းအကြောင်း အရာနဲ့ ပတ်သက်ပြီး “ မပြောဆိုရ ” အမိန့်ကို အလောတကြီးထုတ်ပြန်လိုက်ရတယ်လို့ အမည် မဖော်လိုသူ လိုင်ဇာက အရာရှိတစ်ဦးက ဆိုလာပါတယ်။
ကချင်နေ့စဉ်သတင်း
Time in Rangoon


0 comments:
Post a Comment