Friday, January 11, 2013

KIA နဲ့ ဆွေးနွေး ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား များ သတင်းစာ ရှင်းလင်း

Posted by drmyochit Friday, January 11, 2013, under | 1 comment

ကချင်ပြည်နယ်ကို ၆ရက်ကြာသွားရောက်ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး ဦးဆောင် တဲ့အဖွဲ့ ဟာ KIA နဲ့ ဆွေးနွေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ ၈၈မျိုး ဆက်ကျောင်းသားများ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် မနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။ KIA က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ တိုက်ပွဲတွေအရှိန်လျှော့ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ KIA ဘက်က တောင်းဆိုလိုက်ကြောင်း ဦးမြအေးက ပြောကြားခဲ့ပါတယ်။ အစိုးရအနေနဲ့ ကချင်ဒေသမှာ တိုက်ပွဲတွေ အရှိန်အဟုန်ပြင်းထန်နေတဲ့အတွက် ဆွေးနွေးဖို့ မဖြစ်နိုင်ဘူး ဆိုရင်၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရဆွေးနွေးပွဲ မှာ KIA တက်ရောက်မယ်လို့ စကားပါးလိုက်ကြောင်းလည်း ဦးမြအေး က ပြောကြားခဲ့ပါတယ်။



ဒါ့အပြင် KIA က ထိန်းသိမ်းထားတဲ့ အစိုးရစစ်တပ်သုံ့ပန်း ၂၇ယောက်ကို အစိုးရဆီ ပြန်လည်လွှဲပြောင်းပေး ဖို့ လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ကလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စစ်ပွဲတွေအရှိန်လျှော့ချပြီးတော့ စစ်ဘေးဒဏ်ခံစားနေရ တဲ့ ဒေသ ကလူထုတွေရဲ့ သဘောထားဆန္ဒ ထုတ်ဖော်ခွင့်ရ ရှိအောင် ဖန်တီးနိုင်ဖို့ အရေးကြီးတယ်လို့ သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ဦးမြအေး နဲ့အတူ ကိုထွန်းမြင့်အောင်၊ မနီနီလွင်နဲ့ မစန်းစန်းမော်တို့ ဇန်နဝါရီလ ၁ရက်နေ့ကနေ ၆ရက်နေ့ အထိ သွားရောက်ခဲ့ကြတာပါ။ သတင်းစာရှင်း လင်းပွဲမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်း ကိုနိုင် အပါအဝင် ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ မမီမီလွင်နဲ့ မစန်းစန်းမော် တို့က ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေ ရဲ့ မေးမြန်းချက်တွေ ကို ပြန် လည်ဖြေကြားခဲ့ကြပါတယ်။

From:RFA

1 comments:

ထူးဆန်းသောတိုက်ဆိုင်မှုများပါတကား။ ၁။ကေအိုင်အေ/ကေအိုင်အိုင်အိုင်အိုင်အိုတို. အထိနာနေချိန်တွင် ၈လေးလုံးသစ်စာဖေါက် ကေအိုင်အေ လက်ဝေခံအထောက်အပံ့ခံ မင်းကိုနိုင် မြအေးတို.အဖွဲ.သားများ လိုင်ဆာရောက်သွားခြင်း ၂။ပြည်သူလူထုအနှိပ်စက်ခံနေရသော အခြေအနေမှန်များကို မသိချင်ယောင်ဆောင်နေသော ကေအိုင်အေအထောက်အပံ့ရယူထားသော နိုင်ငံရေးသမားများနှင့် ၃။ကေအိုင်အေကပံ့ပိုးထားသော သတင်းမီဒီယာများမှ ငြိမ်းချမ်းရေးတောင်းဆိုမှုများပြုလပ်ပေကြခြင်း ၄။ငြိမ်းခြမ်းရေးရပြိး အချို.သောငြိမ်းချမ်းရေးအဖွဲ.များမှလည်း ရှေးယခင်က လက်နက်ကိုင်အဖွဲ.များအားလုံးမှတညီ တညွတ်တည်း တိုက်ခိုက်ကြရန်သဘောတူထားပြိးမှ တိုက်ခိုက်မှုမရှိဘဲ အစိုးရနှင့်ပြည်လည်အောင်နေခဲ့သော သစ်စာမဲ့ဖေါက်ပြန်ရေးသမား ကေအိုင်အို/ကေအိုင်အေအား ထူးဆန်းစွာထောက်ခံနေကြခြင်း။ ကေအိုင်အေ/ကေအိုင်အိုမှ မည်သို.မက်လုံးပေးထားလဲမသိ။ ၅။တရုပ်ကထောက်ပံ့ပေးထားသော လက်နက်ကြိးများအကြောင်းကိုတော့ ဖေါ်ပြပေးမည့်သူမရှိ --အင်မတန်ထူးဆန်းဖွယ်ကောင်းလှပေ၏။ တိုင်းပြည်နဲ.လူမျိုးအကျိုးကို ကြည့်ရာတွင် ၈င်းနစ်စံချိန်ဝင်လောက်သော ထူးဆန်းလွန်းသောဖေါက်ပြန်ရေးသမားကြိးများ- ဖြစ်ကြသော၈၈မျိုးဆက်သစ်များ၊ နိုင်ငံရေးသမားကြိးများ လူထုကယ်တင်ရှင်လုပ်နေကြသော သတင်းမီင်္ဒီယာသမားများ လူထူးဆန်းကြိးများ ပါပေတကား။ အံ့သြဘွယ်ကောင်းလေစွ။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်