Friday, January 11, 2013

ကချင်အရေး ဒေါ်အောင်ဆန်းစုကြည် ကြားမ၀င် လျှင် မြောင်းထဲ ဆင်းပေးပါ

Posted by drmyochit Friday, January 11, 2013, under | No comments



ကချင်ဒေသ စစ်ပွဲသံများနိုင်ငံတကာတွင် ပိုပြီး အသံ ကျယ်လောင် လာပါသည်။ အမေရိကန်နိုင် ဆိုင် ရာ မြန်မာပြည် ထဲတွင် တာဝန်ထမ်းဆောင်နေသော သံအ မတ်ကြီ ဒဲရစ်မီချဲက ကချင်ဒေသ စစ်ပွဲ အတွင်း သို့ ရောက်ရှိ နေသော ဒုက္ခသည်များအားဝင်ရောက် အကူ ညီပေးနိုင် ရန် အ တွက် မြန် မာ နိုင် ငံ နေပြည်တော်သို့ မိမိ ကိုယ်တိုင် သွားရောက်တောင်း ခံခဲ့သည်ကို ခွင့်မပြုပါ။
ထိုသို့ပင် ကုလ သမဂ္ဂ ဒုက္ခ သယ် များဆိုင်ရာ မဟာ မင်းကြီး မှ လည်း မြန်မာ အစိုးရသို့ ဒုက္ခသယ်များအား သွားရောက် အကူ ညီပေးရေး အဖွဲ့များအား ခွင့်ပြုရန်တောင်း ဆိုထား သည် ကိုလုံးဝ အကြောင်းတစုံတရာ ပြန်ကြားခြင်း မရှိဟု သိရ ပါ သည်။

ကချင်ဒေ သတွင်ဖြစ် ပွါးနေသော တိုက်ပွဲ များကြားတွင် ဒုက္ခသယ်ပေါင်း ရှစ်သောင်းမှ တစ်သိန်း ၀န်ကျင် ခန့် ရှိမည်ဖြစ်ကြောင်းကို ကျွမ်းကျင်သော ပညာရှင် များက ခန့်မှန်းထား သည် ။ထိုအထဲတွင် ခလေးနှင့် သက် ရွယ်ကြီးရင့် သူမှာရာနှုန်း ၆၅ ရာနှုန်းမျှလောက်ရှိသည် ဟုလည်း သိရသည်။ အမေရိ ကန်ပြည် ထောင်စု ၏ နိုင် ငံခြားရေး ဌာနမှ အကြီးတန်း အရာ ရှိဖြစ် သူက လည်း မြန်မာ အစိုးရ ထံသို့ ဒုက္ခသယ် များအား သွားရောက် ကူညီခွင့် ပြု၇န် တောင်းခံ ထားသည်မှာ ၂ ကြိမ် ရှိပြီးပြီ ဟုလည်းသိ ရသည်။" နှစ်ကြိမ်တောင် ကျနော် တို့ ဘက်က တောင်းခံ ထားပြီးပါပြီ၊ အစိုးရ ဘက်က ခွင့်ပြုချက်ကို မရသေး ပါဘူး၊ နောက် တကြိမ် ထပ်မံတောင် ဆိုဖို့ ကျနော်တို့အဖို့ အစိုးရဘက်က အခုလို လူသားချင်း မစာနာတာ ကို ရှက်မိ လာ တယ်" ဟုပြော ဆိုပါ သည်။ ပြင်သစ် အခြေစိုက် နယ်စီး မခြား ဆရာ ၀န်များ အဖွဲ့မှလည်း မြန်မာ အစိုးရထံ အလား တူတောင်း ခံရာ မြန်မာ အစိုးရမှအကြောင်းပြန်ကြားခြင်မရှိပါ။

နောက်ထပ် နိုင်ငံတကာကြက်ခြေနီအဖွဲ့မှလည်း မြန်မာအစိုးရသို့ခွင့်ပြုပါရန် တောင်းခံထားပြီးဖြစ်ပါသည်။

အောင်ဆန်းစုကြည်အနေဖြင့် တရားဥပဒေစိုးမိုးရေး ကော်မတီ၏ အခွင့် အာဏာတစုံတရာအား အသုံးပြုပြီးကြား ၀င်ဆောင်ရွက်သင့် သည်ဟု မြောက်ပိုင်း အေဘီအက်ဒီအက်ဖ် အဖွဲ့ဝင် ကျောင်းသူ တဦးက ဆို ပါသည်။

ဒေါ်အောင် ဆန်းစုကြည်မှ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်နေပြီဟု မကြာ ခနပြောနေသော ကြောင့် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ပြည်သူ့ အသံ ပြည်သူ့ ဆန္ဒအား အမြဲအလေး ထား သင့်ကြောင်းနှင့် ယခုကချင်ပြည်နယ်အတွင်း မြန်မာအစိုးရစစ်တပ်မှ သွားရောက် စစ်ဆင်နေသော စစ်ပွဲအား မိမိ၏ နိုဘယ်ငြိမ်းချမ်းရေးဆုပိုင်ရှင် တဦးအနေဖြင့် စေတနာ ထားပြီးဆောင်ရွက်သင့်ကြောင်းနှင့် 

ဒုက္ခရောက်နေကြသော ကချင်စစ်ပွဲအတွင်းမှ မိသားစုဆွေမျိုးများအချို့ထိုင်းနိုင်ငံ ချင်းမိုင်မှသွားရောက် အကူ ညီပေးလိုသော်လဲ ကူညီခွင့် မရသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဝင်ဆောင်ရွက် ကူညီပေးပါရန်ဆန္ဒရှိနေကြပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ကြား ၀င်ဆောင်ရွက်ရန်မရှိပါက မြောင်းထဲ
ဆင်းပေးပါလို့ ပြောချင်ပါတယ်။

တစ်ကယ်တော့ ဒေါ်စုကြည်ကို လေးစာ သလိုလို ရှိခဲ့ပေမဲ့ ယခုနောက်ပိုင်း ဒေါ်စုမှာ အပြောသာ ရှိပြီး လက်တွေ့လုပ်မပြနိုင်သော သူတစ်ယောက် ဖြစ်ကြောင်းကို တဖြည်းဖြည်းနှင့် ကျွန်မ နားလည်ခဲ့ပါပြီ အဲဒါကြောင့် ကချင်တိုင်းရင်းသားတွေကို ဒေါ်စု မကူညီနိုင်ဘူး ဆိုရင် ဒေါ်စု မြောင်းထဲ ဆင်းနေလိုက် ပါတော့ လို့ ပြောပါရစေ.......

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်