Friday, January 11, 2013

ဘင်္ဂလိမ် ဌေးလွင်ဦး ၏ အကြောင်း ဖောက်ချပြီ

Posted by drmyochit Friday, January 11, 2013, under | No comments

သမိုင်းပညာရှင် ဒေါက်တာအေးချမ်း ကိုဘာကြောင့် စိန်ခေါ် ရသလဲ သမိုင်း ပညာရှင်ဒေါက် တာအေး ချမ်းကို ဒီဘိတ် လုပ်ဖို့ စိန်ခေါ် လိုက်သည့် အကြောင်းနှင့် ဆရာကလည်း လက်ခံလိုက် သည့် သတင်းများကို ဖတ်နေရသည်။စိန်ခေါ်သည့်လူက ဌေးလွင်ဦး ဆိုသောသူ။ထို့ကြောင့်ဌေးလွင်ဦးရေး သည့် စာများ ကို အတတ်နိုင် ဆုံးရှာပြီး စုံအောင် ဖတ်ကြည့်သည်။ 

ယခင် ဆောင်းပါးများဆုံးလျှင် ဌေးလွင်ဦး ဆိုသည့် နာမည်သာ ပါသည်။ နောက်ပိုင်းဆောင်း ပါးများမှာ အဆောင် အယောင် လေးများ ပါတွဲပါလာသည်ကို သတိထားမိသည်။ ၄င်းက ဘာကို ညွန်ပြနေ သလဲဆိုတော့ မရှိမဲ့ ရှိမဲ့ အဆောင် အယောင်လေး တွေကို လူရှိန်အောင်ထုတ်ပြခြင်းဖြစ်သည်ဟု နား လည် ပါ သည်။ ရှိသည့် အဆောင်အယောင်လေး တွေကလည်း တကယ့်ကို ခပ်မွဲမွဲ အဆောင် အယောင်လေးတွေဖြစ်နေပြန်သည်။ယင်း အဆောင်အယောင်လေးတွေက ကမ္ဘာ့ တန်းဝင် သမိုင်းပညာ ရှင်ဒေါက်တာအေးချမ်းနှင့် နှိုင်းယှဉ်ကြည့်လျှင် မြူမှုန် အဆင့်လောက် သာရှိ ပါသည်။ ထိုအဆင့်နှင့် သမိုင်း ပညာ ရှင်ဒေါက်တာအေးချမ်းကို ဘာကြောင့်စိန်ခေါ်ရသလဲဆိုသည့်အမေး၏ အဖြေက စိတ်ဝင် စားစရာ ကောင်းသလို သာမညစာဖတ်ပရိဿတ်တွေရော သာမညတွေးခေါ်နိုင် သူတွေရော တွေးနို င်လောက် သည့် အဖြေတွေဖြစ် နေပြန်သည်။

ယင်းကိစ္စကို မဆက်ခင် ဌေးလွင်ဦး၏ ဆောင်းပါးတွေကို အကြမ်းအားဖြင့် ဝေဖန်ပြချင်သည်။ သူ့ဆောင်းပါး များသည် သာမညစာဖတ်ပရိဿတ်တွေတောင်လက်ခံနိုင်သော ဆောင်းပါးအဆင့်ကို မရောက်ပါ။ ပညာ ရှင် အဆင့် ကို တက်လှမ်းမနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သမိုင်းလိမ် သမိုင်းတုတွေ သာ ဖြစ်နေသော ကြောင့်ဖြစ် သည်။ ထို့အပြင် စိတ်ကူးနှင့် မျှော်ရည်မှန်းဆပြီး ရေးထားခြင်းသာဖြစ်ပြီး သမိုင်း အတွက် တန်ဖိုး မရှိသည့်စာများဖြစ်နေသည့်ပြင် မြန်မာတိုင်းရင်းသားထု၏ ဒေါသကို ဆွပေးသကဲ့ သို့ပင်ဖြစ်နေပါ သည်။ ၄င်း၏ ကိုးကားချက်များမှာလည်း ခိုင်မာသော ကိုးကားချက်များမဟုတ်သလို တဘက် မှာလည်း လိမ်ညာ ထားသည့် သမိုင်းလိမ်စာအုပ်များကိုသာ ကိုးကားထား သည်ကို တွေ့ရပါ သည်။ ဌေးလွင်ဦး ဟူသည် စာရေးဆရာတဦးမဟုတ်သလို စာရေး ဆရာဖြစ်ရန်ကြိုး စား နေသူ လည်းမဟုတ်ပါ။

ထို့အတူ ပညာရှင်အဆင့်ရှိသူလည်းမဟုတ်ပါချေ။ ဌေးလွင်ဦးစာရေးခြင်းသည် ရိုဟင်ဂျာဟုအမည်ခံ ထားသော ဘင်္ဂလီအုပ်စုထဲသို့ တိုးဝင်ရန်အတွက် ၄င်းရိုဟင်ဂျာဆိုသူတို့အကြိုက် ဆောင်းပါးများရေး၍ တိုးဝင် လာခြင်း သာဖြစ်ပါသည်။ ဌေးလွင်ဦး၏ ပုဂ္ဂိုလ်ရေးကိစ္စသည် သမိုင်းပညာရှင်ဒေါက်တာအေးချမ်းကို စိန်ခေါ်ရဲ သည့်အချက်များဖြစ်သဖြင့် သူ၏ ဖြတ်သန်းမှုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာများကို အနည်းငယ်ချပြမှ ရုပ်လုံးပေါ်လွင်မည်ထင်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုသော်လည်း ၄င်း၏ “ဖိုးတွန်တီး”မှုဖြင့် နယ်စပ်သို့ ထွက်ပြေး လာပြီး တော်လှန်ရေး အရေခြုံထားခြင်းမျိုးကို စာရေးသူ ပြောမည်မဟုတ်ပါ။ 

အမှန်က ဌေးလွင်ဦးသည် နိုင်ငံရေးစာပေများရေးနေသူတဦးမဟုတ်။ ဘာသာရေးစာပေများကို ရေးရင်း ဆင်းဆင်း ရဲရဲ ရပ်တည်နေသူတဦးသာဖြစ်သည်။ဘာသာရေးစာပေများရေးနေခြင်းမှာ လည်း နိုင်ငံ နယ်ပယ် ထဲမှာ သူ့အတွက်နေစရာ မရှိသည့်အဆုံး အကြံကုန် ကဠုန်ဆားချက်အဖြစ်မျိုးဖြစ်သည်။၎င်း သည် ကျောင်းသား တပ်မတော်မှာ နေရာလိုချင်ခဲ့သူ။ သို့သော် နေရာရာထူး အဆောင်အယောင် မရသည့် အပြင် ထွက်ပြေးခဲ့ရဖူးသူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ယူတီကာမြို့မှာ အခြေချနေထိုင် လာခဲ့ပြီး နောက်တွင် လည်း နေရာလိုချင်သဖြင့် ဟိုစပ်စပ် သည်စပ်စပ် လိုက်လုပ်ပြီးနေထိုင်ခဲ့သည်။ မိသားစု စား ၀တ်နေရေး အတွက် မည်မည်ရရအလုပ်မလုပ်ဘဲနေထိုင်ခဲ့သည်။ 

၂၀၀၉ ခုနှစ်က ကျောင်းသား ခေါင်းဆောင် ဟောင်းများ ၊ ပညာရှင်များ၊ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များ ပါဝင်သည့် အမေရိကန်ပြည်ထောင်စု ၊ နယူးယော့ခ်ပြည်နယ် တွင် ယူတီကာညီလာခံကို ကျင်းပခဲ့ဖူးပါသည်။ ယင်းညီ လာခံဖြစ် မြောက်ရေးကော် မ တီမှ ဌေးလွင်ဦးကို မဖိတ်ကြားရေးနှင့် ညီလာခံ ခန်းမထဲသို့ ၀င်လာပါ ကလည်း ဆွဲထုတ် ရန်ဆုံးဖြတ်ခဲ့ သည်ဟု ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်ခဲ့သူ တဦးမှ စာရေးသူ အား ပြောပြဖူးပါသည်။ အဘယ် ကြောင့်ပါလဲ ? 

KNU က ဗိုလ်ချုပ်ထိန်မောင်ကို မှတ်မိကြမည်ထင်ပါသည်။ 

ဗိုလ်ချုပ်ထိန်မောင်သည် KNU နှင့် သဘောထား ကွဲလွဲပြီး ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ဗိုလ်ချုပ်ထိန်မောင်တို့အစုအဖွဲ့ ပြည်တွင်းမှာ နေမည်။ ဆန္ဒရှိလျှင် နိုင်ငံရေးပါတီထောင်၍ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း စစ်အစိုးရက တရားဝင် မီဒီယာ ကပါ ပြော သည်။ ဌေးလွင်ဦး အတွက် ယင်းသတင်းသည် ၀င်ပေါက် တခု အဖြစ် မြင်ခဲ့ သည်။ထွက်ပေါက်မဟုတ်ပါ။ ၂၀၀၉ ယူတီ ကာညီလာခံကျင်းပရေးကော်မတီမှ လှုပ်ရှားနေ စဉ် ဌေးလွင်ဦး တယောက် မဲဆောက်သို့ သွားရန် အခွင့်အရေးရခဲ့ သည် ။

ယင်းအခွင့်အရေးကို အသုံးချပြီး ဗိုလ်ချုပ်ထိန်မောင်တို့ အပစ်ရပ်အဖွဲ့မှာ မွတ်ဆလင်အင်အားစုတစုပါ ပူးပေါင်း ပါဝင်လျက်ကြောင်း နအဖစစ်အစိုးရ ကို ပြောပေး ရန် ဆွေးနွေးခဲ့ သည်။ ယင်း အဖွဲ့နှင့်ပြည် တွင်းထဲကို ၀င်ရောက်ကာ စစ်အစိုးရကျင်း ပမည့် ရွေးကောက်ပွဲ တွင် နိုင်ငံရေး ပါတီတခုထောင်ပြီး ရွေးကောက် ပွဲဝင် ရန်စသည်တို့ကို ဆွေးနွေးခဲ့ သည်။ ရိုးသားမှု မရှိသ ည့် ဌေးလွင်ဦး၏ လုပ်ဆောင် မည့်လုပ်ငန်းစဉ်အား လုံးဝလက်မခံကြောင်း ဗိုလ်ချုပ် ထိန်မောင် အဖွဲ့မှ ငြင်းပယ်ခဲ့သည်။ ယင်းကာလက ဌေးလွင်ဦး သည် အမေရိကန်နိုင်ငံ သားအဖြစ် မခံယူသေးပါ ။ 

ယင်းသ တင်းသည် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ အုပ်စုကို လုံးဝမထောက် ခံသည့် မြန်မာ မွတ်ဆလင် အသိုင်း အ၀ိုင်းမှ သြစတေးလျားရှိ မြန်မာ မွတ်ဆလင် များမှတဆင့် ယူတီကာ ညီလာခံ ဖြစ်မြောက်ရေးကော် မတီထံသို့ အကြောင်းကြားလာပါသည်။ ထို့ကြောင့် “စကတည်းက ယဉ်သကို “ ဆိုသကဲ့ သို့ ကျောင်းသား တပ်မတော်၏ ခေါင်းဆောင်ဟောင်းများ ဗကသ အကျဉ်းသားဟောင်း များစ သဖြင့် ခေါင်းဆောင်ဟောင်း များက ရိုးသားမှု မရှိ သည့် ဌေးလွင်ဦး အကြောင်း ကို ကောင်း ကောင်း သိသဖြင့် “ပြောသားဘဲ” ဟု မှတ်ချက်ချ၍ ၂၀၀၉ ယူတီကာညီလာခံ မဖိတ်ရေးမူနှင့် မဖိတ်ဘဲ ၀င်ရောက် လာ ပါက ဆွဲထုတ်ရေးမူကို ချမှတ်ခဲ့ပါသ ည်။ ယင်းညီလာ ခံမှ ဌေးလွင်ဦး အား လူရာမသွင်းခြင်း သည် ယူတီ ကာမြို့ မှာ နေထိုင်နေသည့် ဌေးလွင်ဦး အတွက် အရှက် ရစေခဲ့ပြီး ယင်းညီ လာခံ ကို တက်ရောက် သူများနှင့် ဖြစ်မြောက်ရေးကော် မတီဝင် တိုင်းရင်း သားပေါင်းစုံ အလွှာပေါင်းစုံ ကို ဌေးလွင်ဦး အငြိုးကြီးစွာ ငြိုးထား မည်မှာ မျက်ကြီးလက် ခတ်မလွဲပါ။

နောက်ပိုင်းတွင် ဌေးလွင်ဦးသည် ဘာသာရေး ဘလော့ တခုလုပ်၍ ဘာသာရေး စာပေများ ကိုရေးသားခြင်း၊ ဘာသာ ပြန်ခြင်း များပြုလုပ်ကာ နိုင်ငံရေးထဲတွင် လုံးဝမ ပတ်သက်ဘဲ ရှက်ရှက်နှင့် လက်ရှောင်နေ ခဲ့ပါသည်။ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသားဖြစ်သည်ဆိုခြင်းကို ခါးခါး သီးသီး ဆန့်ကျင်သော ဌေးလွင်ဦးသည် ယင်းအဖွဲ့ များထဲသို့ ပူးပေါင်းပါ ၀င်ရန်လည်း ခက်ခဲစေ ခဲ့သည်။ ၂၀၁၂ ရခိုင် အရေး အခင်းဖြစ် လာသောအခါ ဌေးလွင်ဦး အတွက် ပေါ်လာသော စင်ပေါ်တွင် ၀င်ရောက် ကပြရန် အဆင် သင့်ဖြစ်လာ ခဲ့ပါသည်။ ယင်းကာလက ဌေးလွင်ဦးသည် ထမင်းတလုပ်စားရရေးပင်ခက်ခက်ခဲခဲ ရပ်တည်နေ ရသော ကာလဖြစ်သည်။ ထို့ကြောင့် ပေါ်ပင်ဖြစ်လိုသော နာမည်ကြီး ချင်သော နေရာ လိုချင်သော ငွေရ လိုသော ဌေးလွင်ဦးသည် ရိုဟင်ဂျာအမည်ခံယူထားသော ဘင်္ဂလီအုပ်စု အကြိုက် ဆောင်းပါး များရေး၍ Credit တည်ဆောက်လာပါသည်။ 

၎င်းတို့အုပ်စု ထောက်ခံယုံကြည်နိုင်အောင် သမိုင်းလိမ် သမိုင်းတုများကို ဖုန်ခါ၍ ဆောင်းပါးများ ဆက်တိုက်ရေး လာသည်။အခါအားလျှော်စွာ ဗုဒ္ဓဘာသာကို မစော်ကား ရဟန်းတုများကိုသာ ရှုတ်ချသည် စသဖြင့် လိမ်မာပါးနပ်စွာ ဗုဒ္ဓဘာသာ ရဟန်းတော်များအချင်းရန်တိုက်ပြီး ဗုဒ္ဓဘာသာ ကို စော်ကား သည် အထိ မိုက်ရိုင်း လာသည်ကိုတွေ့လာရပါသည်။မိုက်ရိုင်းမှုများလာလေလေ အနှီရိုဟင်ဂျာ အမည်ခံအုပ် စု၏ ထောက် ခံယုံကြည်မှုနှင့်အတူ ငွေကြေးစီးဆင်းမှုသည်လည်း အဆင်ပြေလာ မည် ကို ဌေးလွင် ဦးကောင်းကောင်း နားလည်ထားသည်။ယခု သိရှိရသလောက် ထမင်းနပ်မှန်နေပြီး ဒူးနပ် ကာ သမိုင်း လိမ် သမိုင်း တုဆောင်းပါးများကို အချိန်ပြည့်ရေးနိုင်သည့် ကာလကို ပင်ရောက်ရှိလာ ပါတော့သည်။

ဌေးလွင်ဦးသည် ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားဖြစ်ရေးကို ဆန့်ကျင်သူဟု စာရေးသူ အထက်က ပြောခဲ့ သည်။ အထောက်အထားများစွာ ရှိပါသည်။ ယင်းကိစ္စကို အထောက်အထားများစွာနှင့်ချပြနိုင်ပါသည်။ အဆောင် အယောင်ပြထားသည့် အဆောင်အယောင်ထဲက ဥပမာ တခုကို ထုတ်ပြပါ မည်။ဌေးလွင်း ဦး ဆောင်းပါး အဆုံးတွင် “ဦးဆောင်လုပ်ရှားမှုတာဝန်ခံ” ဟု သူ့ရာထူး ကို ဖော်ပြခြင်း သည် နေရာ လိုချင်မှု ကို ပြသည်ပြီး သူ၏ “မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက် မှုအဖွဲ့" ဟူသည် သူ့၏ နဂို ကတည်းက ရိုဟင်ဂျာ သည် မြန်မာ တိုင်းရင်းသားဖြစ်ရေး ကို ဆန့်ကျင် ထားခြင်း မှာ ပေါ်လွင်စေ ပါသည်။ 

ဤဆောင်းပါးရေးနေစဉ်မှာ ဒေါက်တာအေးချမ်းအနေဖြင့် တန်းမတူသည့် ဌေးလွင်ဦးနှင့် ဒီဘိတ်လုပ်မှု ကို ထောက်ခံ သူနှင့် ကန့်ကွက်သူများ၏ အသံများကို ကြားနေရပြန်သည်။ ကန့်ကွက် သည့်ဘက် မှာရော ထောက်ခံ သည့်ဘက်မှာပါ အကြောင်းပြချက်များနှင့်ငြင်းပယ်ခြင်း ၊ ထောက်ခံခြင်းများ အားလုံး သည် နှစ်သက် စရာတွေချည်းဖြစ်နေသဖြင့် စိတ်ဝင်စား စရာကောင်းသည်။ ယင်းအသံများနှင့်ပတ်သက်၍ ဆရာဒေါက် တာအေးချမ်းမှလည်း ဌေးလွင်ဦး၏ စိန်ခေါ်မှုကို တုပ် တုပ်မျှမလှုပ်ကြသဖြင့် တန်းမ တူသော် လည်း သူထွက်ခဲ့ခြင်းဖြစ်ကြောင်းရှင်းခဲ့ပါသည်။ ယင်းအတွက် ရှုတ်ချသူများ ကိုလည်း ရှုတ်ချခွင့် ဆရာဒေါက် တာအေးချမ်းခွင့်ပြုသည်။ 

မည်သို့ဆိုစေ ဌေးလွင်ဦးသည် (က)နေရာ လိုချင်သူ (ခ)ပေါ် ပင်ဖြစ် လိုသူ(ဂ) နာမည်ကြီး လိုသူ(ဃ) ငွေကြေး လိုချင် သူဖြစ်သည်။ထို့ကြောင့် ကမ္ဘာ့တန်းဝင် ပညာရှင်ကို သာမညလူ တဦးဖြစ် သည့် ဌေးလွင်ဦး မှ ဒေါက်တာအေးချမ်းအပေါ် စိန်ခေါ်ခြင်းမှာ အထက် ပါ ဌေးလွင်ဦး၏ ဖြတ်သန်းမှု အစိတ် အပိုင်းနှင့် ဟပ်ကြည့်လျှင် ဘာကြောင့် စိန်ခေါ်ရသလဲဆို သည့်အဖြေကို သိပြီး ဖြစ်ပါ လိမ့်မည်ဖြစ်သည်။ 

စာရေးသူ၏ အမြင်မှာ ဌေးလွင်ဦးသည် ကမ္ဘာ့မီဒီယာရှေ့ မှာ ဒီဘိတ်လုပ်ရန် ဒေါက်တာအေးချမ်းအား စိန်ခေါ်ခြင်းသည် အကယ်၍ ဒေါက်တာအေးချမ်းမှ တန်းမတူ ပညာရှင် အဆင့် မရှိသဖြင့် ၄င်း၏ စိန်ခေါ်မှု အား ငြင်းပယ်လျှင် သူ၏ သမိုင်းလိမ် များသည် သမိုင်းမှန် များဖြစ်ကြောင်း ဆက်လက် ပြော ဆိုရေး သားနေ မည်ဖြစ်သည်။ ထို့အတူ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအုပ်စု၏ ပညာရှင်အဖြစ် သတ်မှတ်ခြင်း ကို ခံရဖွယ်ရှိ သည်ဟု တွေးထင် ထားဖွယ် ရှိပါသည်။ 

အကယ်၍ ဒေါက်တာအေးချမ်းမှ လက်ခံပြီး ဆွေးနွေးလျှင် သူရှုံးမှာကို သူကိုယ်တိုင် သိပြီးသား တွက်ပြီး သားဖြစ်သော်လည်း ကမ္ဘာ့မီဒီယာရှေ့မှာ ပညာရှင်အဆင့်နှင့်ယှဉ်ပြိုင်ပြီး ဒီဘိတ် လုပ်သော ဌေးလွင်ဦးပါ နာမည်ပေါ် ထွက်လာမည်ဟု ထင်ထား ပုံရပါသည်။ ထို့အပြင် သူ၏ အခြားလုပ်စ ရာများ ကို လည်း ကျွဲကူးရေ ပါဆို သကဲ့သို့ လုပ်ဆောင် သွားနိုင် ဖွယ်ရှိ ပါသည်။ အထူးသဖြင့် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ အုပ်စုထံမှ ငွေကြေးများကိုဖြစ်ဖြစ် ၄င်းအုပ်စုကို ထောက်ခံထားသည် OIC အဖွဲ့ကဖြစ်ဖြစ် ၄င်းအဖွဲ့ ၀င်နိုင်ငံ များကဖြစ်ဖြစ် ပံ့ပိုးငွေကိုလည်း အမျှော် လင့်ကြီး မျှော်လင့် ထားသူဖြစ် သည်။ ဌေးလွင်ဦးမှာ ကမ္ဘာတလွှား သွား လာနိုင်သော အမေရိကန်ပါ့စ် ပို့ရှိသော်လည်း အမေရိကန်အတွင်း မှာတောင် ဟိုဟိုဒီဒီ သွားလာနိုင်လောက်အောင် ငွေးကြေးရှိသူမဟုတ်ပါချေ။

ထို့ကြောင့် ၄င်းလုပ် လိုသော အခန်းကဏ္ဍအတွက် ငွေကြေးပံ့ပိုးမည့်အုပ်စုသည် ရှိကို ရှိရမည် မှာ မြေကြီး လက်ခတ် လွဲမည် မဟုတ်ပေ။ အချုပ်အားဖြင့် ပြောရလျှင် ဒီဘိတ်လုပ်၍ အသေအချာ ရှုံးမည်ကို သိသော် လည်း (က)နေရာရလိုမှု(ခ) နာမည်ကြီး လိုမှု(ဂ)ငွေ ကြေးရလိုမှုကို ရယူလိုသောကြောင့် သူ၏ အရှက် တရားနှင့် သိက္ခာကို စတေးခြင်းဖြစ် သည်ဟု စာရေးသူမြင်ပါသည်။ မိမိကိုယ်ကို ပညာရှင်လေသံဖြင့် ကျားနှင့် ဆင် လယ်ပြင် မှာ တွေ့ မည်ဟု အရှက်ကင်းမဲ့စွာ ပြောဆိုရဲသည့် ဌေးလွင်ဦးကို စာရေးသူ မအံ့သြတော့ပါ ။ အမှန် က ဒေါက်တာအေးချမ်း လို ခြင်္သေ့သည် ဆင်ဖြစ်စေ ဌေးလွင်ဦးလို မြေခွေးဖြစ်စေ တူညီသော ခွန်အားဖြင့် တိုက်ခိုက် မည်ဟု ယုံကြည်ပါသည်။ အမှန်အားဖြင့် ခြင်္သေနှင့် မြေခွေး လယ်ပြင် မှာ တွေ့ခြင်း သာဖြစ်ပါ သည်။

ကောက်ကျစ်ရန်အကြံများနှင့် ဌေးလွင်ဦးတည်းဟူသော မြေခွေးသည် ခြင်္သေ့တည်းဟူသော

ဒေါက်တာ အေးချမ်းအား စိန်ခေါ်ခြင်း၏ နောက်ကွယ်တွင် ---- ။ ။


From : စိန်ခင်မောင်လွင်
http://www.myanmarexpress.net/2013/01/blog-post_6221.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်