ထွန်းထွန်း
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အစိုးရ အဆောင်တစ်ခု ယနေ့နေ ၉ နာရီခန့်က မီးရှို့ခံရသည်ဟု သတင်း ရရှိသည်။
မီးရှို့ခံရသည့် အဆောင်မှာ မောင်တောသုံးမိုင် ဂေါက်ကွင်းအနီးရှိ ဂျီအီး ပစ္စည်းများ သိုလှောင်ရုံ ဖြစ်ကြောင်း သိရသည်။
“ အဲဒီမှာ ဘိလပ်မြေတွေ၊ သံတွေ၊ တိုလီမူတ်စတွေ ထားတယ်လို့ ကြားသိရပါတယ်။ အသေးစိတ်ကတော့ မနက်ဖြန် မှဘဲ သိရမှာ ဖြစ်ပါတယ်” ဟု သေခံ တစ်ဦးက ဆိုသည်။
မီးရှို့သူများမှာ အနီးအနားက မွတ်ဆလင်ကျေးရွာသားများ ဖြစ်ကြသည်ဟု ဒေသခံများက ပြောဆိုပြီး စစ်တပ်နှင့် နစက တပ်ဖွဲ့ဝင်များမှ မိုးပေါ် သေနတ်ပစ်ခတ်ကာ မီးရှို့သူများကို လူစုခွဲ ခဲ့ရသည်ဟုလည်း ဒေသခံက ပြောကြားသည်။
မီးရှို့သူများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက လိုက်လံ စုံစမ်းနေကြောင်း သတင်း ရရှိသည်။
Time in Rangoon


2 comments:
အခြေအမြစ်အရှိတဲ့သတင်းဖြစ်တာကြောင်း ကျုပ်တို့ဒီသတင်းကိုမယုံဘူး။ သတင်းမှား၊ သတင်းဝါဒဖြန့်သာဖြစ်သည်။ မောင်တောမြို့နယ်ကမွတ်စလင်တွေအိမ်တွင်းကနေအိမ်ပြင်မထွက်နိုင်တာ ၁၀ လ လောက်ရှိပါပြီး။ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တတိယအကြိမ် အကြမ်းဖက်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် နွားမွေးဆရာဦးအေးမောင်တို့ပါတီ၏ ကြံစည်မှုသတ်သတ်သာဖြစ်ပါသည်။
အခြေအမြစ်မရှိတဲ့သတင်းဖြစ်တာကြောင်း ကျုပ်တို့ဒီသတင်းကိုမယုံဘူး။ သတင်းမှား၊ သတင်းဝါဒဖြန့်သာဖြစ်သည်။ မောင်တောမြို့နယ်ကမွတ်စလင်တွေအိမ်တွင်းကနေအိမ်ပြင်မထွက်နိုင်တာ ၁၀ လ လောက်ရှိပါပြီး။ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တတိယအကြိမ် အကြမ်းဖက်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် နွားမွေးဆရာဦးအေးမောင်တို့ပါတီ၏ ကြံစည်မှုသတ်သတ်သာဖြစ်ပါသည်။
Post a Comment