Tuesday, February 12, 2013

မာလီနိုင်ငံ မြောက်ပိုင်းရှိ ဂါအို မြို့တွင် ကားဗုံး ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား

Posted by drmyochit Tuesday, February 12, 2013, under | No comments


မာလီနိုင်ငံ မြောက်ပိုင်းရှိ ဂါအို မြို့တွင် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ကားဗုံး ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်းနှင့် ပြင်သစ် ဦးဆောင်သည့် တပ်ဖွဲ့များသည် ၎င်းတို့၏ စစ်ဆင်ရေး ကာလ ၅ ပတ် မြောက်တွင် ဗုံးခွဲ တိုက်ခိုက်မှု များနှင့် ကြုံတွေ့ ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ 

အဆိုပါ ပေါက်ကွဲမှုသည် ဂါအို လေဆိပ်ရှိ ပြင်သစ် စစ်အခြေစိုက် စခန်း အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က လည်း မော်တော်ဆိုင်ကယ် သမား တစ်ဦး၏ အသေခံ ဗုံးခွဲမှုကြောင့် စစ်သားတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မာလီ စစ်ဘက် ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်ကြီး အိုယူမာ မိုင်းဂါက ပြောကြား ခဲ့ပါသည်။ ပြင်သစ် ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့များအား တိုက်ခိုက်မှုများ ပိုမို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဒေသခံ ပြည်သူ များအား ပေါက်ကွဲမှု များတွင် မပါစေရန် စစ်ဘက် နယ်မြေများနှင့် လွတ်ကင်းစွာ နေထိုင်ရန် တောင်းဆို ခဲ့ကြောင်း တိုက်ခိုက်မှုများ ဖြစ်ပွား အပြီးတွင် ထုတ်ပြန်သော အစ္စလာမ္မစ် သူပုန်တို့၏ စာတမ်း တစ်ခု အရ သိရှိ ရပါသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်