Tuesday, February 12, 2013

ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုအား ကျေနပ်မှုမရှိပါက အချိန်ပြည့် တိုင်ကြားနိုင်ပြီ

Posted by drmyochit Tuesday, February 12, 2013, under | No comments

ဒီမိုကရေစီ အသွင် ကူးပြောင်းနေသော မြန်မာနိုင်ငံတွင် ပြည်သူများအား ပြည်တွင်း လုံခြုံ မှုကို ကူညီ စောင့်ရှောက်ပေးနေ သည့် ရဲတပ် ဖွဲ့ ဝင်များ၏ လုပ်ငန်း တာဝန်ဆောင် ရွက်မှု များကို ကျေနပ်နှစ် သက်မှု မရှိပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် နေပြည်တော်သို့ (၂၄)နာရီ အချိန်ပြည့် တိုက်ရိုက် တိုင်ကြားနိုင်ပြီဖြစ်ကြောင်း သိရ သည်။ 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၏ လုပ်ငန်း တာဝန် ဆောင်ရွက်မှုအား ကျေနပ်မှုမရှိပါက တိုင်ကြားရန် တယ်လီ ဖုန်းများ တပ်ဆင်ထားကြောင်း Myanmar Police Force Website စာမျက်နှာ တွင် ဖေါ်ပြ ထား သည်။ 

" မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက် ချက်များ၊ လုပ်ပိုင် ခွင့်အား အလွဲ သုံးစားပြု လုပ်မှု၊ အဂတိ လိုက်စားမှု များနှင့် ပတ်သက်၍ ပြည်သူလူထုမှ တိုက်ရိုက် တိုင်ကြားနိုင်ရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော်တွင် အော်တိုတယ်လီဖုန်းများ တပ်ဆင်၍ ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်ထားရှိပြီး တယ်လီဖုန်းအမှတ် ဝ၆၇-၄၁၂၂၂၂ နှင့် ဝ၆၇-၄၁၂၄၄၄ သို့ ဆက်သွယ် တိုင်ကြားနိုင်ပြီ။ " ဟု Website တွင် ဖော်ပြချက်အရ သိရသည်။ 

တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင်လည်း တိုင်ကြားရန်အတွက် တယ်လီဖုန်းများ တပ်ဆင် လျက် ရှိပြီး နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး၌ တယ်လီဖုန်းအမှတ် ဝ၆၇-၅၅ဝ၃၃၃ သို့ ဆက်သွယ် တိုင်ကြားနိုင် ပြီ ဖြစ်ကြောင်း ကို အဆိုပါ Website စာမျက်နှင့်တွင် ဆက်လက်ဖေါ်ပြထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်