Tuesday, February 12, 2013

ချင်းအမျိုးသားနေ့ ရန်ကုန်တွင်ကျင်းပ

Posted by drmyochit Tuesday, February 12, 2013, under | No comments

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၂

ယခင် အစိုးရ လက်ထက် အဆက် ဆက်တွင် လွတ်လပ်စွာ ကျင်းပ ခွင့် မရရှိ ခဲ့သည့် ချင်း အမျိုး သားနေ့ ကို အရှို ချင်းတိုင်း ရင်းသား များက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရန်ကုန် မြို့၌ ကျင်းပခဲ့သည်။

ဖေဖော်ဝါ ရီလ ၂၀ ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်း အမျိုး သားနေ့ အကြို အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်ကာ လွတ် လပ်ပြီး ချိန်မှ စ၍ ချင်းဝိသေသ တိုင်းမှ ပြည်နယ် အဖြစ် သတ်မှတ် ခဲ့သော ဇန်န၀ါ ရီလ ၃ ရက်နေ့ကိုသာ ချင်းပြည် နယ်နေ့ အဖြစ် တရားဝင် သတ်မှတ် ကျင်းပခွင့် ရရှိ ခဲ့သည်။ ချင်း အမျိုးသား နေ့ကို ပြည်နယ် တွင်း၌ ကျင်းပခွင့် မပေး ခဲ့ကြောင်း အရှိုချင်း အမျိုး သားပါတီ အထွေထွေ အတွင်း ရေးမှူး ဆလိုင်း အောင်မင်း လှိုင်က ပြောသည်။

“အမျိုး သား နေ့က ချင်းပြည် နယ်မှာ အများ ပြည်သူ ရွေး ချယ်တဲ့ သူကြီး တွေကို စတင် ကျင့် သုံးတဲ့ စနစ် စခဲ့တာ အနှစ် သာရ ပိုပြည့် ၀ ပါတယ်” ဟု ဆိုသည်။

ချင်း အမျိုးသား နေ့ကျင်း ပခြင်းနှင့် စပ် လျဉ်း၍ “ဒါရန်ကုန်မှာ ဒုတိယ အကြိမ် ကျင်းပ ခဲ့တာပါ။ ဒီလို ကျင်းပခြင်း ကြောင့် စာပေ၊ ယဉ်ကျေးမှု ပိုမို မြင့်မား စေမယ် လို့ ရည်ရွယ် ပါတယ်” ဟု အရှိုချင်း စာပေနှင့် ယဉ်ကျေးမှု ယာယီ ကော်မတီ (ဗဟို) အတွင်း ရေးမှူး (၂) ဆလိုင်း ကျော်ထွေးက ပြောသည်။

အရှိုချင်း (မြေပြန့်) တိုင်းရင်းသား များသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ် တွင် အများဆုံး နေထိုင် ကြပြီး ရန်ကုန်တိုင်း ဒေသ ကြီးတွင် လူဦးရေ သုံးသောင်းနှင့် ငါးသောင်း ကြားရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်